Pages

Pages

ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့်စာအုပ်စာစောင်များကို ဌာနဆိုင်ရာရုံးများနှင့် အထက်တန်း ကျောင်းတွင် သွားရောက်ငှားရမ်းပေး



MNP - ဩဂုတ်   ၂၉


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်များ  စာပေဖတ်ရှုမှုအဆင်ပြေစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉)နာရီခွဲအချိန်ခန့်က မိုင်းလုံမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် သွားရောက်ငှားရမ်းပေးခဲ့သည်။ 


စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် စာဖတ်သူလက်ဝယ်အရောက် ရွေလျားစာကြည့်တိုက်စနစ်ဖြင့် ဆောင်ရွက်ခဲ့ပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  စာဖတ်ပရိတ်သတ်များ  အားလပ်သောအချိန်ကိုစာအုပ်စာပေဖတ်ရှုခြင်းဖြင့် ဖြတ်သန်းစေရန်၊ စာပေဖတ်ရှုမှုကို အဆင်ပြေစေရန်နှင့် အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်ပြီး သုတ၊ ရသ စာအုပ်များ၊ ဝတ္တုစာအုပ်များ၊ မဂ္ဂဇင်း၊ ရုပ်ပြစာအုပ်များကိုယူဆောင်ပြီး  သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းပေးခြင်းကို တစ်လနှစ်ကြိမ် ဆောင်ရွက်  ပေးမည်ဖြစ်ပြီး     စာကြည့်တိုက်    အသင်းဝင်ကတ်ပြားကိုလည်း  ‌‌ ဆောင်ရွက်‌ ပေးခဲ့ကြောင်း သိရသည်။


သတင်း - ဇော်ဇော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment