Pages

Pages

မြောင်းမြမြို့ အ.ထ.က(၃)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲများကျင်းပ




MNP - သြဂုတ်   ၁၉


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ အ.ထ.က(၃) ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့ နေ့လယ် (၂)နာရီက ပြုလုပ် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားတွင် အ.ထ.က(၃) ကျောင်းအုပ်ဆရာကြီး ဦးသန့်မြင့်ဦးက အဖွင့်အမှာစကား ပြောကြားပြီး မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက စာဖတ်ရှိန်မြှင့်တင်ရေးခေါင်းစဉ်ဖြင့် လူငယ်များကို အသိပညာပေး ဟောပြောရာတွင် လူငယ်များအနေဖြင့် အသိပညာဗဟုသုတ ပြည့်စုံရရှိစေရန်အတွက် ကျောင်းစာသာမက ပြင်ပဗဟုသုတ ရရှိစေမည့် သုတ/ရသ စာပေများကို ဖတ်ရှုလေ့လာသင့်ကြောင်း၊ မိမိဖြစ်လိုသည့် ရည်မှန်းချက်ပန်းတိုင် ထားရှိရမှာဖြစ်ကြောင်း၊ ရည်မှန်းချက်ပန်းတိုင်ရောက်အောင် အောင်မြင်ဖြစ်ထွန်းရန်အတွက် အသိပညာ ဗဟုသုတများနှင့် ပြည့်စုံရမှာ ဖြစ်ကြောင်း၊ ထိုသို့ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် အကျိုးရှိသည့် စာပေများကို လေ့လာဖတ်မှတ် ရမှာဖြစ်ကြောင်း စသည်ဖြင့်ဟောပြောပေးခဲ့ သည်။


ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်များနှင့် နံရံကပ် စာစောင်များကို ပြသထားရာ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။ အဆိုပါ ဟောပြောပွဲ နှင့် စာအုပ်စာစောင်နံရံကပ်စာစောင်ပြပွဲကို ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment