Pages

Pages

ပေါက်တောမြို့တွင် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရန် သတ်မှတ်ထားသည့် လုပ်ငန်းစနစ်များ Standard Operating Procedure (SOP)စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်


MNP ၊ သြဂုတ် ၁၉

ရခိုင်ပြည်နယ် ၊ စစ်တွေခရိုင် ၊ ပေါက်တောမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လျင်မြန်မှန်ကန်စွာဆောင်ရွက်နိုင်ရန်အတွက် သတ်မှတ်ထားသည့် လုပ်ငန်းစနစ်  Standard Operating Procedure (SOP)  စာအုပ်ဖြင့် ဝန်ထမ်းများရုံးတွင်းစာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမတွင်ပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန်က ဌာနတွင်းထုတ်ဝေထားသည့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လျင်မြန်မှန်ကန်စွာ ဆောင်ရွက်နိုင်ရန်အတွက် သတ်မှတ်ထားသည့် လုပ်ငန်းစနစ်များ (SOP) စာအုပ်တွင်ပါရှိသည့် စီမံခန့်ခွဲရေး(ဝန်ထမ်းရေးရာ)ဆိုင်ရာ စံသတ်မှတ်ချက်လုပ်ငန်းစနစ်များ ၊ ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို သိရှိကြစေရန်၊ ဌာနတွင်းဆောင်ရွက်ရသည့် လုပ်ငန်းများကို စနစ်တကျရှိစေရေးအတွက် ဝန်ထမ်းတိုင်းသိရှိလိုက်နာဆောင်ရွက်မှသာ ရုံးလုပ်ငန်းများ ထိရောက်အောင်မြင်မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်းနောက် ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးက အခန်း(၅)ပါ ပြည်သူ့စာကြည့်တိုက်လုပ်ငန်း၏ စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း၊ မှတ်ပုံတင်ခြင်းလုပ်ငန်း၊ မှတ်သားမှုစနစ်၊ ထားသိုမှုစနစ်၊ စာငှားလုပ်ငန်း၊ စာကြည့်တိုက်ပုံမှန်စစ်ဆေးခြင်းလုပ်ငန်း စသည့်အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့ပြီး ဝန်ထမ်းများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းရာ မြို့နယ်ဦးစီးမှူးက ပြန်လည်ဆွေးနွေးရှင်းလင်းခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment