နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်း





MNP ၊ ဩဂုတ် ၃၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အားကစားလေ့ကျင့်ရေးစခန်း (Gold Medal Hall) ၌ ကျင်းပသည်။


ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ပြီးခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ ၆ လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ လမ်းညွှန်ချက်များကို ထပ်ဆင့်ရှင်းလင်း ပြောကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် အားကစားကဏ္ဍနှင့် လူငယ်ကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအနေဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးရန် ပြည်သူများအတွက် စဉ်းစားပြီး လုပ်ငန်းတာဝန်များ ကျေပွန်အောင် ကြိုးစားထမ်းဆောင်ကြရန်လိုကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် အဆင့်မီစံချိန်/စံညွှန်း အရည်အသွေးကောင်းမွန်သည့် အားကစားကွင်း/အားကစားရုံများ တည်ဆောက်ပေးလျက်ရှိကြောင်း၊ ယင်းအားကစားကွင်း/ အားကစားရုံများ ရေရှည်တည်တံ့ပြီး ပြည်သူများ လာရောက်လေ့ကျင့်ကစားနိုင်ရေး ပြုပြင်ထိန်းသိမ်း စောင့်ရှောက်သွားရန်လိုကြောင်းနှင့် ဝန်ထမ်းများအနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားအားထုတ်၍ လုပ်ငန်းတာဝန်များ ကျေပွန်အောင် ထမ်းဆောင်ကြရန်လိုကြောင်း ရှင်းလင်းပြောကြားသည်။


အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမျိုးလှိုင်၊ ဒေါက်တာစိုးဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ (ဌာနခွဲများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများ) မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း GYM ခန်းမ၌ လက်ရွေးစင် အားကစားသမားများနှင့်တွေ့ဆုံပြီး ကျန်းမာရေးသည် အရေးကြီးသည့်အတွက် အထူးဂရုစိုက်ကြရန်နှင့် Injury မရရှိအောင် အထူးဂရုစိုက် လေ့ကျင့်ကြရန်လိုကြောင်း၊ နည်းပြများ လေ့ကျင့်သင်ကြားပေးသည့်အတိုင်း စနစ်တကျကြိုးစား လေ့ကျင့်ကြရန်လိုကြောင်း၊ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှ လေ့ကျင့်ထားသည့်အတိုင်း ပြိုင်ပွဲတွင် မိမိတို့၏ အရည်အချင်း၊ အစွမ်းအစများကို ဖော်ထုတ်ပြသနိုင်မည်ဖြစ်ကြောင်း၊  ပြိုင်ပွဲများ ယှဉ်ပြိုင်ရာတွင် နောက်ဆုံးအချိန်အထိ မဆုတ်မနစ် မလျော့သောဇွဲ၊ လုံ့လ၊ စိတ်ဓာတ်တို့ဖြင့် အစွမ်းကုန်ကြိုးစား ယှဉ်ပြိုင်ကြရန်လိုကြောင်း ပြောကြားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)