ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာစီမံကိန်းနှင့်အစိုးရစက်မှုလက်မှုသိပ္ပံ (ဘားအံ)ရှိ တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာစီမံကိန်းနှင့်အစိုးရစက်မှုလက်မှုသိပ္ပံ (ဘားအံ)ရှိ တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး






MNP - ဩဂုတ်   ၂၅


ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၁၀ နာရီခန့်က ဘားအံမြို့ တောင်ကလေးတိုးချဲ့မြို့ပြ အိမ်ရာစီမံကိန်းနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)ရှိ တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ တောင်ကလေးတိုးချဲ့မြို့ပြ အိမ်ရာစီမံကိန်း ကွပ်ကဲအုပ်ချုပ်မှုကော်မတီရုံး(ရှင်းလင်းဆောင်)သို့ ရောက်ရှိပြီး ကော်မတီဥက္ကဋ္ဌ ဘားအံခရိုင် အုပ်ချုပ်ရေးမှူးဦးအောင်လွင်က စီမံကိန်းဧရိယာ ၉၂၈ ဒသမ ၉၃ ဧက၌ ၂၀၂၁-၂၀၂၂ (၆)လ ဘတ်ဂျက်အတွင်း မြေသားလမ်းဖော်ထုတ်ခြင်း၊ ရေမြောင်းတူးဖော်ခြင်း၊  Box Culvert ၊ Pipe Culvert များ ဆောင်ရွက်ပြီးစီးမှု၊ ၂၀၂၂-၂၀၂၃ ဘတ်ဂျက်နှစ်တွင် အဆိုပါလုပ်ငန်းများ ဆက်လက် ဆောင်ရွက်မည့်အခြေအနေများကိုလည်းကောင်း၊ ဘားအံခရိုင်လျှပ်စစ်အင်ဂျင်နီယာ မှူးက မီးရရှိ ရေးလုပ်ငန်း 200 KVA Transformer တည်ဆောက်ခြင်း၊ 11 KV ဓါတ်အားလိုင်းဆွဲသားခြင်း၊ 400 v ဓါတ်အားလိုင်း ဆွဲသားခြင်းလုပ်ငန်းများ ၉၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် မီးအပြည့် အဝရရှိရေး ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကိုလည်းကောင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) ပြည်နယ်တာဝန်ခံက ရေရရှိရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေနှင့် စည်ပင်သာယာရေးအဖွဲ့က ရေပေးဝေရေးလုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်များနှင့်အညီ လုပ်ငန်းများ အမြန်ဆုံးပြီးစီးနိုင်ရေး လမ်းညွှန်မှာကြားပြီး လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် တောင်ကလေးတိုးချဲ့မြို့ပြအိမ်ယာစီမံကိန်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ မြေနေရာချထားပေးမှုနှင့် သုဿာန်တို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)ရှိ တည်ဆောက်ရေး လုပ်ငန်းများအား သွားရောက်ကြည့်ရှု စစ်ဆေးရာ အစိုးရနည်းပညာအထက်တန်း ကျောင်း (ဘားအံ) ကျောင်းအုပ်ကြီး ဒေါ်နန်းမိုးမိုးကြည်နှင့် တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများအား ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သီဟမင်းဆွေ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသော(၂၁၇ x ၁၃၀)ပေ သံကူကွန်ကရစ်အမျိုးအစား (၃)ထပ် ပင်မ စာသင်ဆောင်၊ ရှားမူလာကုမ္ပဏီမှတာဝန်ယူတည်ဆောက်လျက်ရှိသော (၁၂၅ x ၈၂ x ၁၂)ပေ Steel Structure (၁)ထပ် အလုပ်ရုံ၊ မြန်မာ့မာဃကုမ္ပဏီမှ စတင်တည်ဆောက်လျက်ရှိသော (၁၂၅ x ၈၂ x ၁၂)ပေ Steel Structure (၁)ထပ် အလုပ်ရုံ၊  စိုးမိုးသူကုမ္ပဏီမှတည်ဆောက်လျက်ရှိသော (၂၁၁' x ၇၀')(၃)ထပ် ကျောင်းသား/သူ အိပ်ဆောင်တည်ဆောက်ခြင်းလုပ်ငန်း၊ သမိန်ဗရမ်းကုမ္ပဏီမှ တည်ဆောက်လျက်ရှိသော (၇၈' x ၉၄') (၄)ခန်းတွဲ (၄)ထပ်ဝန်ထမ်းအိမ်ယာ တည်ဆောက်ခြင်း လုပ်ငန်းတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အမြန်ဆုံးပြီး စီးနိုင်ရေး ကြိုးပမ်းတည်ဆောက်ကြရန် လမ်းညွှန်မှာကြားသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အား ကစားကွင်း အဝင်မုခ်ဦးနှင့် ရေမြောင်းဖုံးတည်ဆောက်ခြင်းလုပ်ငန်း၊ ခရေ(၂)လမ်း ရေမြောင်းဖုံး ဆောင်ရွက်ပြီးစီးမှုနှင့် မဲဘောင်- နောင်ပလိန်လမ်း ရေမြောင်းဆောင်ရွက်ခြင်းလုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)