ကလိန်အောင်မြို့ ကလေးစာဖတ်ခန်းတွင် ကျောင်းသူ/သားများ ဉာဏ်ရည်ဖွံ့ဖြိုး‌တိုးတက်ရေး လေ့ကျင့်ဆောင်ရွက်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလိန်အောင်မြို့ ကလေးစာဖတ်ခန်းတွင် ကျောင်းသူ/သားများ ဉာဏ်ရည်ဖွံ့ဖြိုး‌တိုးတက်ရေး လေ့ကျင့်ဆောင်ရွက်ပေးလျက်ရှိ





MNP ၊ သြဂုတ်လ ၂၅

တနင်္သာရီတိုင်ဒေသကြီး၊  ထားဝယ်ခရိုင် ၊ ကလိန်အောင်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသူ/သားများအား ဝါတွင်းကာလဥပုဒ်‌ကျောင်းပိတ်ရက်များတွင်အချိန်ကို အကျိုးရှိရှိနှင့်စိတ်ကူး စိတ်သန်း၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေး စိတ်အပန်းဖြေပျော်ရွှင်စေရေးအတွက်ပုံပြင်ပြောပြခြင်းများကို လေ့ကျင့်ပြုလုပ်ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က ကလေးစာဖတ်ခန်းမအတွင်း ပုံပြင်ပြောပြခြင်းများပြုလုပ်ပေးလျက်ရှိသည်။


 အဆိုပါ ပြိုင်ပွဲတွင် ကလေးစာဖတ်ခန်းသို့ ကျောင်းပိတ်ရက်အတွင်းလာရောက်လေ့ရှိကြသည့် အထက-ကလိန်‌အောင်ကျောင်းမှ မူလတန်း အဆင့်ကျောင်းသား/သူ(၂၀)ဦးအား မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ခင်ခင်လဲ့က ပုံပြင်ပြောပြပြီး အဖွဲ့လိုက်အနေဖြင့်ပြိုင်ပွဲများပြုလုပ်၍ စာဖတ်ခြင်း၊ ပုံပြင်ပြောပြခြင်း၊ အိမ်ဆောက်ဂိမ်းပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများကို လေ့ကျင့်ယှဉ်ပြိုင်စေခဲ့ရာ ကျောင်းသူ/သားများက ပျော်ရွှင်စွာ ယှဉ်ပြိုင်ကစားကြပြီး အကောင်းဆုံးပါဝင်ယှဉ်ပြိုင်နိုင်သူအား အမှတ်တရလက်ဆောင်ပေးအပ်ပြီး အာဟာရမုန့်များကျွေးမွေးခဲ့ကြောင်း သိရသည်။


ခင်ခင်လဲ့

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)