(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားကျင်းပရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားကျင်းပရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



MNP - ဩဂုတ်   ၂၅


၂၀၂၂ ခုနှစ် နိုဝင်ဘာလ(၇)ရက်နေ့တွင်ကျရောက်မည့်  ကရင်ပြည်နယ်နေ့ကို စည်ကားသိုက်မြိုက်စွာကျင်းပ နိုင်ရေးအတွက် (၆၇)နှစ် မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားကျင်းပရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ကရင်ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။


အစည်းအဝေးတွင် ကရင်ပြည်နယ်နေ့ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နှစ်စဉ်နှစ်တိုင်းကျင်းပလာခဲ့သည့် ကရင်ပြည်နယ်နေ့ကို ကိုဗစ်-၁၉ရောဂါ ပြည်တွင်းကူးစက်ဖြစ်ပွားနှင့်လုံခြုံရေးအခြေအနေများကြောင့် (၆၅)နှစ်နှင့်(၆၆) နှစ် မြောက်တို့တွင် ခမ်းနားသိုက်မြိုက်စွာကျင်းပနိုင်ခဲ့ခြင်း မရှိသော်လည်း  (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ရှေ့ယခင်နှစ်များကဲ့သို့ စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း၊ အစီအစဉ်တကျနှင့်အောင်အောင်မြင်မြင်ကျင်းပနိုင်ရေး အထောက်အကူပြုကော်မတီများကို ဖွဲ့စည်းပေးထားကြောင်း၊ ပြည်နယ်အတွင်းထူးချွန်သူများကို ဂုဏ်ထူးဆောင်လက်မှတ်နှင့်ဆုများချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း၊ ပြခန်းများ၊ ဈေးဆိုင်ခန်းများ၊ ကရင်ဒုံးအကပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ လက်ဝှေ့ ပြိုင်ပွဲများထည့်သွင်း ကျင်းပသွားမည်ဖြစ် ကြောင်း၊ အထောက်အကူပြုလုပ်ငန်းကော်မတီ(၁၄)ခု ဖွဲ့စည်းပေးထားပြီး ကော်မတီအလိုက်လုပ်ငန်းတာဝန်များကို ကျေပွန်အောင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် အထောက်အကူပြုလုပ်ငန်းကော်မတီဥက္ကဋ္ဌ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက သက်ဆိုင်ရာကော်မတီအလိုက် လုပ် ငန်းတာဝန်များကို ဆွေးနွေးပြောကြားပြီး ကော်မတီအတွင်း ရေးမှူးများက ကရင်ပြည်နယ်နေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြကာ တက်ရောက်လာသူများက အကြံပြုဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)