Pages

Pages

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အောင်မြင်ခဲ့သည့် ပညာရေးဝန်ထမ်း သားသမီးများအား ဂုဏ်ပြုချီးမြှင့်

 



MNP - သြဂုတ်   ၂၈


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အ.လ.က ချမ်းမြသာမြေ ပြည်ထောင်စုခန်းမတွင် ယနေ့နံနက် ၈ နာရီအချိန်က ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အောင်မြင်ခဲ့သည့် ပညာရေးဝန်ထမ်းသားသမီးများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။


အခမ်းအနားတွင်မြို့နယ် ပညာရေးမှူး ဦးကိုကိုမောင်မှ အဖွင့်အမှာစကားပြောကြားရာ ကျောင်းပညာတင်သာမက ပတ်ဝန်းမှာရှိတဲ့အသိပညာအတက်ပညာများကို သင်ယူကြပြီး လောကကောင်းကျိုး၊ လူသားကောင်းကျိုး ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။ ထို့နောက် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်မြင်ခဲ့သည့် ပညာရေးဝန်ထမ်းသားသမီးများအား ဂုဏ်ပြုချီးမြှင့်ရာ ရိုးရိုးအောင်မြင်သူ (၁၃) ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် (၁) ဦးနှင့် ၁ ဘာသာဂုဏ်ထူးရှင် (၁၂) ဦးအား မြို့နယ်ပညာရေးမှူးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး ကျောင်းသားမိဘတစ်ဦးမှ ကျေးဇူတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - အောင်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment