Pages

Pages

၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲများ အုပ်စုအဆင့်ပြိုင်ပွဲများကျင်းပ



MNP - ဩဂုတ်   ၂၈


ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနအနေဖြင့် ဘတ်စကက်ဘောအားကစားနည်းအား အိမ်ရှင်အဖြစ်လက်ခံပေးခြင်းဖြင့် ပြည်သူများမှ ဘတ်စကက်ဘော အားကစားနည်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်စားလာပြီး ထူးချွန်ထက်မြက်သည့် လူငယ်အားကစားသမားများ ပေါ်ထွက် လာစေရန်နှင့် မြန်မာ့လက်ရွေးစင်အားကစားသမားများ အင်အားဖြည့်တင်းနိုင်မည့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာ၍ နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေရန် ရည်ရွယ်၍ ကျင်းပမည့် ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ဘတ်စကက်ဘောပြိုင်ပွဲကို လားရှိုးမြို့ ၊လေ့ကျင်းရေးအားကစားရုံတွင်  ဩဂုတ်လ ၂၅ ရက်နေ့မှ စတင်ကာ ယှဉ်ပြိုင်လျက်ရှိရာ ဩဂုတ်လ ၂၇ ရက်နေ့တွင်အုပ်စုအဆင့်တတိယနေ့ပွဲစဉ် ပြိုင်ပွဲများ ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။


ဩဂုတ်လ ၂၇ ရက်နေ့တွင် ယှဉ်ပြိုင်သော ပြိုင်ပွဲများတွင် အမျိုးသားပြိုင်ပွဲ အုပ်စု (က) တွင် ရှမ်းပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို (၁၀၃) မှတ် ၊ (၆၄) မှတ် အုပ်စု (ခ) တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို  (၈၁) မှတ်  (၆၈) မှတ် အုပ်စု (ဂ) တွင် ကရင်ပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီး (၈၇) မှတ် (၄၄) မှတ်၊ အမျိုးသမီး ပြိုင်ပွဲအုပ်စု (က) တွင် မကွေးတိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို  (၉၀) မှတ်  (၉) မှတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို  (၆၃) မှတ်  (၁) မှတ် ၊ အုပ်စု (ခ) တွင် ရှမ်းပြည်နယ်အသင်းက ရခိုင်ပြည်နယ် အသင်းကို   (၅၄) မှတ်  (၁၅) မှတ် ၊ရန်ကုန်တိုင်းဒေသကြီးအသင်းက  ဧရာဝတီတိုင်းဒေသကြီး (၅၁) မှတ်(၂၆) မှတ်ဖြင့် အသီးသီး အနိုင်ရရှိခဲ့ကြကြောင်း သိရသည်။


၂၀၂၂ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲတွင် အမျိုးသား(၁၁)သင်း၊အမျိုးသမီး(၉)သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိနေပြီး ပြိုင်ပွဲကို ဩဂုတ်လ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့ထိ လားရှိုးမြို့ လေ့ကျင့်ရေးအားကစားရုံတွင် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။


သတင်း - စိုင်းထွန်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment