MNP - သြဂုတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် စာပေဗဟုသုတ တိုးပွားစေရေး၊ အကျိုးအကြောင်း၊ အကောင်း အဆိုးကို ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ ကျေးလက် ဒေသများသို့ ကွင်းဆင်း၍ စာဖတ်ရှိန်မြှင့်တင် ရေးနှင့် အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်(၁၁)နာရီက လေးအိမ်ကုန်း ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူကုန်ကူးမှုအန္တရာယ် အသိ ပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တာဝန်ခံကျောင်းအုပ်ဆရာကြီး ဦးထက်အောင်ဝင်းက အသိပညာပေး ဟောပြောပွဲပြုလုပ်ပေး ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခြင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီး အရာရှိ ဒေါ်မြင့်မြင့်ခိုင်က လူကုန်ကူးမှု အန္တရာယ်တားဆီး ကာကွယ်ရေးလုပ်ငန်းများနှင့် လူငယ်များအနေဖြင့် လူကုန်ကူးမခံရစေရေး လိုက်နာရမည့် အချက်များ၊ လူကုန်ကူးခံရပါက ဆက်သွယ်ဆောင်ရွက်ရမည့် နည်းလမ်း များ၊ လူကုန်ကူးပုံအဆင့်ဆင့်တို့ကို ကျောင်းသား၊ ကျောင်းသူများ သိရှိစေရေး အသိပညာပေးဆွေးနွေး ဟောပြောခဲ့ပြီး ကျောင်းစာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့ သည်။
ဆက်လက်၍ အနာဂတ်ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်း များ ရရှိစေရေး သုတ၊ ရသ စာအုပ်စာစောင်များကို အခမဲ့ ငှားရမ်းပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ ကို ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
သတင်း - အေဇာလင်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment