မိတ္ထီလာခရိုင်တွင် ဆီထွက်သီးနှံစိုက်ပျိုးမည့် ကျေးရွာ ၁၄ ရွာမှ ဒေသခံတောင်သူများအား မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ သိန်း ၂၇၀၀ ထုတ်ချေးပေးသွားမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

မိတ္ထီလာခရိုင်တွင် ဆီထွက်သီးနှံစိုက်ပျိုးမည့် ကျေးရွာ ၁၄ ရွာမှ ဒေသခံတောင်သူများအား မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ သိန်း ၂၇၀၀ ထုတ်ချေးပေးသွားမည်




MNP - သြဂုတ်   ၁၇


မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာခရိုင်တွင် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးသွားနိုင်ရန် ဆီထွက်သီးနှံစိုက်ပျိုးမည့် ကျေးရွာ ၁၄ ရွာမှ ဒေသခံတောင်သူများအား မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ သိန်း ၂၇၀၀ ကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မိတ္ထီလာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးသွားနိုင်ရန် မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှု အောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များမှ ဆီထွက်သီးနှံစိုက်ပျိုးမည် ကျေးရွာများ အား မြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးသွားမည်ဖြစ်သည်။ ယင်းမြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးရာတွင် ကျေးရွာရှိအိမ်ထောင်စု၊ ဆီထွက်သီးနှံစိုက်ပျိုး သောတောင်သူနှင့် စိုက်ဧကများအပေါ်လိုက်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးသွားမည်ဖြစ်ရာ မိတ္ထီလာခရိုင်အတွင်းရှိ ဆီထွက်သီးနှံစိုက်ပျိုးမည့် ကျေးရွာ ၁၄ ရွာတွင် ဆီထွက်သီးနှံစိုက်ပျိုးသောတောင်သူ ၁၀၀ အထက်ရှိသည့် ကျေးရွာ ၆ ရွာအား ကျေးရွာတစ်ရွာလျှင် မြစိမ်းရောင်ကျေးရွာစီမံ ကိန်းရန်ပုံငွေ သိန်း ၃၀၀ ထုတ်ချေးသွားမည်ဖြစ်ပြီး ဆီထွက်သီးနှံစိုက်ပျိုး သောတောင်သူ ၅၀ နှင့် ၁၀၀ ကြားရှိ ကျေးရွာတစ်ရွာအား  မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ သိန်း ၂၀၀ ထုတ်ချေးသွားမည်ဖြစ်သည်။ ၎င်းအပြင် ဆီထွက်သီးနှံ စိုက်ပျိုးသောတောင်သူ ၅၀ အောက်ရှိကျေးရွာ ၇ ရွာအား ကျေးရွာတစ်ရွာလျှင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ သိန်း ၁၀၀ ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့်  စီမံကိန်းကျေးရွာများမှ ဒေသခံတောင်သူများက ဆီထွက်သီးနှံဖြစ်သည့် နေကြာကို အဓိကစိုက်ပျိုးသွားမည်ဖြစ်ပြီး မြေပဲ၊ နှမ်းနှင့် အခြားဆီထွက် သီးနှံများကိုလည်း စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - သိန်းမြင့်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)