Pages

Pages

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ သမဝါယမဦးစီးဌာနမှ အသင်းသားဝန်ထမ်းတစ်ဦးစီအား စားသုံးဆီတစ်ပိသာထောက်ပံ့




MNP - ဩဂုတ်   ၃၁


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မြို့နယ်သမဝါယမဦးစီးဌာန၊ ဝန်ထမ်းငွေစုငွေချေးသမဝါယမအသင်းလီမိတက်မှ အသင်းသားဝန်ထမ်းများ အဆင်ပြေစွာ စားသုံးနိုင်စေရန်ရည်ရွယ်၍ စားသောက်ကုန်စည်ဖြစ်သော စားသုံးဆီထောက်ပံ့ခြင်းကို မြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် ယမန်နေ့မွန်းလွဲပိုင်းက ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။  အဆိုပါထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်တင်တင်ညွန့်က ဝန်ထမ်းငွေစုငွေချေးသမဝါယမအသင်းလီမိတက်မှ အသင်းသားဝန်ထမ်းတစ်ဦးလျှင် စားသုံးဆီ(၁)ပိသာနှုန်းဖြင့် အသင်းသားစုစုပေါင်း(၁၁)ဦးအတွက် စားသုံးဆီ(၁၁)ပိသာ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


မြို့နယ်သမဝါယမဦးစီးဌာနအနေဖြင့် မြို့နယ်ဌာနဆိုင်ရာရှိဝန်ထမ်းများအား ဆန်များဖြန့်ဖြူးရောင်းချပေးခြင်း၊ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်မှ အသင်းသားဝန်ထမ်းများ အဆင်ပြေစွာစားသုံးနိုင်စေရန် စားသောက်ကုန်များထောက်ပံ့ပေးအပ်ခြင်းနှင့် အသင်း၏လုပ်ငန်းများ ပိုမိုအကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း မြို့နယ်သမဝါယမဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံက သတင်းရရှိသည်။


သတင်း - ဝင်းအိမွန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment