Pages

Pages

စလင်းမြို့နယ်တွင် ကျေးလက်ဒေသအမျိုးသမီးများ ဖွံဖြိုးတိုးတက်ရေးစီမံချက် ဆင်ကျုံးကျေးရွာအုပ်စု ရှမ်းရွာကုန်းကျေးရွာတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

 


MNP - သြဂုတ်   ၃၁


မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ဆင်ကျုံးကျေးရွာအုပ်စု ရှမ်းရွာကုန်းကျေးရွာ ရွာလည်ဘုရား တန်ဆောင်းအတွင်း၌ သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၁၁ နာရီအချိန်က လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးကြပ်၍ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။


အဆိုပါဟောပြောပွဲတွင် အမျိုးသီးရေးရာအသင်းအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့တို့မှ လူကုန်ကူးမှုကျူးလွန်ပါက ပြစ်ဒဏ်ကျခံရမည့်အချက်များ၊ လူကုန်ကူးခြင်း၏ အနက်အဓိပ္ပါယ်၊ လူကုန်ကူးမှု အမျိုးအစားများကို နားလည်သဘောပေါက်အောင် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။ ဆက်လက်၍ အမျိုးသမီးရေးရာအဖွဲ့မှ တက်ရောက်လာကြသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးများကို အဟာရဒါနအဖြစ် ကြက်ဥများ လှူဒါန်းဝေငှခဲ့ကြောင်း သိရသည်။


ထို့နောက် အမျိုးသမီးရေးရာအဖွဲ့များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများနှင့်အတူ ရှမ်းစုကျေးရွာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


သတင်း - မောင်လွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment