MNP - ဩဂုတ် ၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ ပြင်ဘုငယ်ကျေးရွာ၌ ပုလောမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ “အမျိုးသမီး အခြေခံအပ်ချုပ်စက်(၂)လသင်တန်း”ဖွင့်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပြင်ဘုငယ်ကျေးရွာ၊ အုပ်ချုပ်ရေးမှုးရုံးတွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ပုလောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးလမင်းချစ်ကိုက အမျိုးသမီးအခြေခံ အပ်ချုပ်စက် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်း ပြောကြားပြီးတက်ရောက်လာကြသော ကျေးရွာအုပ်ချုပ်ရေးမှူး နှင့်ရပ်မိ/ရပ်ဖများက သင်ထောက်ကူပစ္စည်းများကို လှည့်လှည်ကြည့်ရှု၍ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။
၎င်းအမျိုးသမီးအခြေခံ အပ်ချုပ်စက်သင်တန်းတွင် သင်တန်းသူ (၁၀) ဦးအားသင်တန်း ဆရာမ(၁) ဦးက သင်တန်းကာလ(၂)လအကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - နှင်းမြူလွင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment