Pages

Pages

သာစည်မြို့နယ် မယ်ဇလီကန်အခြေခံပညာ အထက်တန်းကျောင်း၌ အားကစားနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြော

 



MNP - ဩဂုတ်   ၉


မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ထူးချွန်သောအားက စားသမားများ ပေါ်ထွန်းလာစေရန် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို  ယမန်နေ့က မယ်ဇလီကန်  အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ကြောင်း သိရသည်။


ရှေးဦးစွာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးမျိုးမင်းသောင်းက အမှာစကားပြောကြားပြီးကျောင်းအုပ်ဆရာမကြီးဒေါ်စုစုလှိုင်က ကျောင်း သား/သူများအနေဖြင့်ကျောင်းစာသာမကပြင်ပ စာပေဗဟုသုတများရှိရန်လိုကြောင်းနှင့်ကိုယ်လက်ကြံ့ခိုင် ကျန်းမာသန်စွမ်းပြီး ထူးချွန် သောနိုင်ငံ့ ဂုဏ်ဆောင်အားကစားသမားများ ဖြစ်လာစေ‌ရေးမိမိတို့ဝါသနာပါရာ အားကစားနည်းများကိုလည်း  ကြိုးစားပြုလုပ်ကြရန် ပြောကြားသည်။   


ဆက်လက်ပြီးမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိဦးဝင်းထွန်းဦးက လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး ထူးချွန် သော အားကစားသမားများပေါ်ထွန်းလာစေရန် အားကစားနှင့်လူငယ်ရေးရာ ဆက်စပ်မှုများကိုအသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။ ထို့နောက် ကျောင်းအတွက် ဘောလုံး၊ ဘော်လီဘော ဘောလုံးနှင့်ပိုက်ကျော်ခြင်းခြင်းလုံးများ စသည့် အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းပြီး သာစည်မြို့အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက Physical fitness dance ဖြင့် သရုပ်ပြခဲ့ကြောင်းသိရသည်။


အဆိုပါ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲသို့   မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ဆရာ/မများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment