အမရပူရမြို့နယ် မန်ကျည်းကိုင်းကျေးရွာအုပ်စု၌ ဌာနဆိုင်ရာများပါဝင်သောစစ်ကြောင်းကြီး ၅ ကြောင်းနှင့်ကျေးရွာပြည်သူလူထု တွေ့ဆုံပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

အမရပူရမြို့နယ် မန်ကျည်းကိုင်းကျေးရွာအုပ်စု၌ ဌာနဆိုင်ရာများပါဝင်သောစစ်ကြောင်းကြီး ၅ ကြောင်းနှင့်ကျေးရွာပြည်သူလူထု တွေ့ဆုံပွဲပြုလုပ်




MNP - သြဂုတ်   ၃၀


မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မန်ကျည်းကိုင်းကျေးရွာ၊ သဒ္ဓမ္မပါလဘုန်းတော်ကြီး ကျောင်းဓမ္မာရုံအတွင်းတွင် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အမရပူရမြို့နယ်အတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံဖြိုးရေးအတွက် ဌာနဆိုင်ရာများပါဝင်သောစစ်ကြောင်း ၅ ကြောင်းနှင့် ကျေးရွာပြည်သူလူထု တွေ့ဆုံပွဲကိုပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အမရပူရမြို့နယ်အုပ်ချုပ်ရေးမှူးဦး ဖြိုးအောင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့်မိတ်ဆက်ပေးခဲ့သည်။ ယင်းနောက် အမရပူရမြို့နယ် စီမံအုပ်ချုပ် အဖွဲ့၊ အဖွဲ့ဝင်ဗိုလ်မှူး ကျော်တေဇနှင့်အတွင်းရေးမှူး ရဲမှူးမျိုးလွင်အောင် တို့ကလုံခြုံ ရေး၊တရား ဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး ကိစ္စရပ်များကိုပြောကြားခဲ့သည်။ ထို့နောက် ဒေသဖွံ့ဖြိုးရေးအတွက်ကျေးရွာက လိုအပ်သည့် ကျန်းမာရေး၊ အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် တောင်သူအသုံးဆောင်ဓာတ်မြေသြဇာထောက်ပံ့နိုင်ရေး စသည့်အချက်များကို တင်ပြကြရာ သက်ဆိုင်ရာဌာနများက ရှင်းလင်းပေးခဲ့ကြသည်။ ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူးက ကျေးရွာအတွင်းရှိ ကိုယ်ဝန်သည်များနှင့် တစ်နှစ်အောက် ကလေးမိခင်များအတွက် ကြက်ဥများနှင့် ကျေးရွာအတွက်နှာခေါင်းစည်း Masks များကို ပေးအပ်ခဲ့သည်။


ဆက်လက်ပြီး ကျန်မာရေးဦးစီးဌာနက ကျေးရွာအတွင်း ကိုဗစ်ကာကွယ်ဆေးမထိုးရသေးသူများ၊ နှစ်ကြိမ်ထိုးပြီး ၆ လကျော်သူများအား ထပ်ဆောင်းဆေးထိုးခြင်းလုပ်ငန်းများ၊ မီးသတ်ဦးစီးဌာနက သဘာဝဘေး အန္တရာယ်ကယ်ဆယ်ရေး အသိပညာပေးသရုပ်ပြပေးမှုများကို ဆောင်ရွက်ပေးခဲ့ရာ အမရပူရမြို့နယ်စီ မံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


သတင်း - စိုးသီဟ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)