MNP - ဩဂုတ် ၈
မြန်မာနိုင်ငံတစ်ဝန်း ကျန်းမာရေးဝန်ကြီးဌာန၏ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များအဖြစ် ဩဂုတ်လရောက်တိုင်း သတ်မှတ်ဆောင်ရွက်လျက်ရာ သဲကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယနေ့နံနက် ၉နာရီက အ.ထ.က သဲကုန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှု ဆောင်ရွက်ရာတွင် သဲကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေး စစ်ဆေးခြင်း၊ သန်ချဆေးတိုက် ကျွေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြသည်။
သဲကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များအဖြစ် ပထမပတ်တွင် မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်အဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ဒုတိယပတ်တွင် ၅ နှစ်အောက် ကလေးငယ်များ အာဟာရဖွံ့ဖြိုးရေး၊ တတိယပတ်တွင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး၊ စတုတ္ထပတ်တွင် အိုင်အိုဒင်းချို့တဲ့ရောဂါ ပပျောက်ရေးလုပ်ငန်းများကို ရက်သတ္တပတ်အလိုက် လှုပ်ရှားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment