ကျိုင်းတုံမြို့၌ မီးဘေးသင့် အိမ်ထောင်စုအား ထောက်ပံ့ငွေများပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုင်းတုံမြို့၌ မီးဘေးသင့် အိမ်ထောင်စုအား ထောက်ပံ့ငွေများပေးအပ်



MNP - ဩဂုတ်   ၅


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ နွဲ့နောရပ်တွင် ယမန်နေ့ နံနက်ပိုင်းက နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့သည့် မီးဘေးသင့် အိမ်ထောင်စုအား   ကျိုင်းတုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ရှိသူများက ဩဂုတ် ၄ ရက် မွန်းတဲ့ ၁၂ နာရီခွဲတွင်  သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။


ထောက်ပံ့ပေးအပ်ရာတွင် ကျိုင်းတုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ  လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးသိန်းတန်နှင့် တာဝန်ရှိသူများက ကျိုင်းတုံမြို့ အမှတ်(၄)ရပ်ကွက်၊ နွဲ့နောရပ်ရှိ မီးဘေးသင့် အိမ်ထောင်စုဝင်အား အိမ်ဆောက်ပစ္စည်းတန်ဖိုး ငွေကျပ် ၂ သိန်း၊  မီးဘေးတွင် သေဆုံးသွားသည့် အမျိုးသား(၁)ဦးအတွက် ထောက်ပံ့ငွေကျပ် ၃ သိန်းနှင့် မီးဘေးသင့် အိမ်ထောင်စုဝင် (၂)ဦးအတွက် ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ  မီးဘေးသင့်အိမ်ထောင်စုဝင်များအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထောက်ပံ့ပေးသော ငွေကျပ် ၈ သိန်းခွဲ တန်ဖိုးရှိ မိသားစုသုံးပစ္စည်းများ၊ တစ်ကိုယ်ရေသုံးပစ္စည်းများကို  မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးသိန်းထိုက်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးရန်နိုင်ထွန်းတို့က သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - အောင်ဇင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)