မလှိုင်မြို့နယ် ကျောင်းစု(န)ကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မလှိုင်မြို့နယ် ကျောင်းစု(န)ကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး



MNP - သြဂုတ်   ၅


မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်သည် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စုစု၊ မြို့နယ်စီမံ ကိန်းရေးဆွဲရေးဦးစီးမှူး ဒေါ်ဝင်းယုဆွေ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာ ဒေါ်မြတ်မြတ်သူ၊  မြို့နယ်လမ်းဦးစီးမှူး ဦးသာအေး ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးလှမင်းသောင်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ကျောင်းစု(န)ကျေးရွာ  ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးမှု အခြေအနေကို ယနေ့နံနက်(၉)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ကုန်ထုတ်လမ်းမှာ ကျောင်းစု(ရ)၊ ကျောင်းစု(န)နှင့် ယာကြီးတောကျေးရွာများရှိ ယာမြေများသို့ ဆက်သွယ်သည့်လမ်းဖြစ်ပြီး အကျယ်(၃၀)ပေ၊အရှည် (ဝ/၄.၅)မိုင် ရှည်လျားပြီး အဆိုပါလမ်းပေါ်ရှိ (၆၀x၂၀)ပေရှိ ရေကျော်တံတား(၁)စင်း တည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ခံအင်ဂျင်နီယာ ဒေါ်ခင်မာလွင်က    ကုန်ထုတ် လမ်းဖောက်လုပ်ပြီးစီးမှု  အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ကုန်ထုတ်လမ်းမှာ ကျောင်းစု(ရ)၊ကျောင်းစု(န)နှင့် ယာကြီးတော ကျေးရွာများရှိ လယ်ယာမြေဧက(၂၅၀)မှ ထွက်ရှိမည့် လယ်ယာ ထွက်ကုန်၊ ထုတ်ကုန်သီးနှံများကို ကုန်ကျစရိတ်အနည်းဆုံးဖြင့် ‌‌‌ဈေးကွက်အတွင်းသို့ လွယ်ကူလျင်မြန်စွာသယ်ယူ ပို့ဆောင်နိုင်ရေး ရည်ရွယ်၍ ဖောက်လုပ်ခဲ့ခြင်း ဖြစ်သည်။


အဆိုပါလမ်းကြီး တည်ဆောက်ပြီးစီးသည့်အတွက် ကျောင်းစု(ရ)၊ ကျောင်းစု(န)နှင့် ယာကြီးတောကျေးရွာများရှိ အိမ် ခြေ(၁၅၉)အိမ်နှင့် လူဦးရေ (၈၄၁) ဦးတို့၏ ဒေသထွက်ကုန်သီးနှံများကို မလှိုင်မြို့သို့ အလွယ်တကူ တင်ပို့ရောင်းချနိုင်မည်ဖြစ်၍ ဒေသခံပြည်သူတို့၏ လူမူစီးပွားဘဝမှာ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။


သတင်း - အောင်ဌေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)