ကျောက်ဖြူမြို့၌ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ စုပေါင်းသန့်ရှင်းရေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့၌ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ စုပေါင်းသန့်ရှင်းရေးပြုလုပ်





MNP ၊  ဩဂုတ်  ၂၀

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများ၏ ကျောင်းပတ် ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ယနေ့ နံနက် ၇ နာရီက အလက(၄)၊ အမက(အစိုးရ)နှင့် လေ့ကျင့်ရေးကျောင်းများသို့သွားရောက်၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၏ ဦးဆောင်လမ်းညွှန်မှု ဖြင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများဖြစ်သည့် အလက(၄)၊ အမက(အစိုးရ)နှင့် လေ့ကျင့်ရေးကျောင်းများသို့သွားရောက်ပြီး ၎င်းကျောင်းခြံဝန်း အတွင်း/အပြင်ရှိ အမှိုက်များအား တံမြက်စည်းလှည်းသန့်ရှင်းရေးပြုလုပ်ခြင်း၊ ခြုံနွယ်၊ ၊ပေါင်းပင်၊ မြက်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမှိုက်များကို အမှိုက်အိတ်များထဲသို့ထည့်ကာ သတ် မှတ်နေရာများသို့ ပို့ဆောင်ပေးခြင်း စသည့်စုပေါင်းသန့်ရှင်းရေးများကို ဆောင်ရွက်ခဲ့သည်။ 


ကျောက်ဖြူမြို့နယ်၌ ယင်းသို့စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို အပတ်စဉ်စနေနေ့တိုင်း အပတ်စဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ် ဦးထံမှ သိရှိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)