လူရမ်းကား မိုက်ကယ်ကျော်မြင့်ကို တစ်နိုင်ငံလုံးတရားစွဲဆိုကြရန် တိုက်တွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူရမ်းကား မိုက်ကယ်ကျော်မြင့်ကို တစ်နိုင်ငံလုံးတရားစွဲဆိုကြရန် တိုက်တွန်း



MNP ၊ သြဂုတ် ၂၉

အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ ဥက္ကဋ္ဌ လူရမ်းကား မိုက်ကယ်ကျော်မြင့် အနေဖြင့် တစ်နိုင်ငံလုံးရှိ ပြည်သူများကို အမေနှင့်ကိုင်တုတ်၍ ဆဲဆိုရမ်းကားခဲ့မှုနှင့် ပတ်သက်၍ နေပြည်တော်မှ အမျိုးသားရေးလှုပ်ရှားသူ ဦးညီညီက တရားစွဲဆိုသွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံးရှိ အသက် ၁၈ နှစ်ပြည့်ပြီးသူ၊ အရွယ်ရောက်ပြီးသူ ပြည်သူများအနေဖြင့်လည်း တရားစွဲဆိုကြဖို့ တိုက်တွန်းပြောဆိုလိုက်သည်။

ဦးညီညီက "ခင်ဗျားတို့က ခေါင်းဆောင်လုပ်မယ့်သူတွေ မဟုတ်လား။ ခေါင်းဆောင်လုပ်မယ်ဆိုရင် ခေါင်းဆောင်ကျင့် ကျင့်ပါ။ အဲဒီအတွက် ကျွန်တော် တရားစွဲပါမယ်။ အသက် ၁၈နှစ်ပြည့်ပြီးသူတိုင်း တရားစွဲပါလို့ တိုက်တွန်းချင်ပါတယ်။" ဟု ဦးညီညီ က ပြောဆိုထားသည်။

လူရမ်းကား မိုက်ကယ်ကျော်မြင့်က သူ၏ facebook လူမှုကွန်ရက်စာမျက်နှာမှ "ကြည့်ကြည်နေတယ်။ မသိရင် ခင်ဗျားတို့ တင်မြှောက်ထားတဲ့ အစိုးရ။ လီးကို လာပြော၊ ဘယ်ကောင်တင်ပေးထားတာလဲ ဒီအစိုးရကို ပြောစမ်းပါအုံး။ ဘယ်ကောင်လဲ ခင်ဗျားတို့ အကုန်တစ်နိုင်ငံလုံးကို ကျုပ်စိန်ခေါ်တယ်။ ငါတို့ တင်မြှောက်ထားပါတယ်။ တပ်မတော်စိုးရကို။ လီးကို လာပြော။ ကျုပ်က ပေါက်တယ် ခင်ဗျားတို့။ ဘာလဲ နောက်မထောက်ခံတော့ဘူး။ ဟုတ်လား။ နောက်တစ်ခါ ဘာဖြစ်တယ်တို့ ညာဖြစ်တယ်တို့ တပ်မတော်ကို ကျွန်တော်တို့က ပုခုံးထမ်းပြီး ဘယ်လိုလုပ် လီးကိုလာပြော။ မင်းမေလိုးလား။ မင်းတို့ကောင်တွေ အကုန်လုံး တစ်တိုင်းပြည်လုံးမှာ ရှိသမျှ နိုင်ငံသားမှန်သမျှ အားလုံးကို ကယ်တင်ထားရတဲ့ အစိုးရ။"

"မှတ်မိသေးလား မင်းတို့။ တပ်မတော်မှတပါး အခြားမရှိတော့ပါဘူး။ ဘယ်အဖေခေါ်ရမှန်းမသိတော့ပါဘူး။ ဘယ်မအေလိုးတွေပြောခဲ့တာလဲ အဲဒီစကားတွေ။ ကျွန်တော်တို့က ကူရာကယ်ရာမဲ့နေပါပြီ။ NLD အစိုးရရဲ့ အမျိုးဖျက်ခြင်း၊ တိုင်းပြည်ဖျက်ခြင်း၊ အမျိုးသားလုံခြုံရေးကို ဖျက်ဆီးခြင်းခံနေရပါပြီ။ ကယ်မဲ့သူ မရှိတော့ပါဘူး။ ကျွန်တော်တို့ ဘယ်သူ့ အဖေခေါ်ရမယ်မှန်း မသိတော့ပါဘူးလို့ ဘယ်မအေလိုးတွေ ပြောခဲ့တာလဲ ပြောစမ်း။"

"မင်းတို့ စောက်ကြီး စောက်ကျယ်နဲ့ ပုခုံးထမ်းတင်ပေးခဲ့ရတာတို့ လီးကိုလာပြော။ ငါလည်း နိုင်ငံသားပဲ ဟေ့ကောင်၊ ပါတီဥက္ကဋ္ဌ ဘာညာ ထား တစ်ကဏ္ဍ၊ ငါ့ကို ဘယ်ကောင်မှ ခိုင်းခဲ့တာမဟုတ်ဘူး။ တပ်မတော်ကို ကူညီပေးဖို့ ကယ်တင်ပေးဖို့ တောင်းဆိုတဲ့နေရာမှာ။ တပ်မတော်အာဏာသိမ်းဖို့ တောင်းဆိုတဲ့အထဲမှာ ငါလည်း ရှေ့ဆုံးက ပါခဲ့တယ်။ ငါ့ရှေ့မှာတောင် လူသိပ်မရှိနိုင်ဘူး။ ရေကြည့် မင်းတို့။ တစ်တိုင်းပြည်လုံး အသိ၊ တစ်ကမ္ဘာလုံး အသိကွာ။ မိုက်ကယ်ကျော်မြင့် ဘာကောင် ဆိုတာ။ ဒါပေမယ့် မင်းတို့ ငါပြောချင်တာက ဖြစ်စဉ်အမှန်က ပျက်စီးနေတဲ့ တိုင်းပြည်ကို မဲလိမ်မဲခိုး အစိုးရကို တိုင်းပြည်ဂုဏ်သိက္ခာ ရွေးကောက်ပွဲ သိက္ခာတွေအရ ကယ်တင်ပေးပါဆိုပြီးတော့ ငါတို့တစ်တိုင်းပြည်လုံးက တပ်မတော်အပေါ်မှာ ငါတို့ တောင်းပန်ပြီးတော့ တောင်းဆိုခဲ့ရတာ မဟုတ်ဘူးလား။ ဟန် ဆရာတော်ကြီးတွေက အစ အသိကွာ။ ပြောချင်တာ။ အဲဒီအချိန် အဲဒီကာလ တစ်တိုင်းပြည်လုံးရဲ့ ရင်ထဲမှာ NLD အစိုးရ ပြုတ်ကျရေးက လွဲလို့ ဘာမှ မရှိဘူး။ တပ်မတော်အပေါ်မှာ ကယ်ပါ ကယ်ပါ ကယ်ပါ နဲ့ အကြိမ်ကြိမ် တောင်းဆိုခဲ့ရတာ။ မဟုတ်ဘူးလား။ ဒါ အမှန်တရား မဟုတ်ဘူးလား။ မင်းမေလိုး။ တပ်မတော် အာဏာရဖို့ ငါတို့က ပုခုံးထမ်းပေးခဲ့ရတာ လီးကို လာပြော။ စောက်ဆင့်မရှိတဲ့ကောင်တွေ မင်းတို့"

(အထက်ပါ ပြောကြားချက်များသည် အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ ဥက္ကဋ္ဌ ဆိုသူ မိုက်ကယ်ကျော်မြင့်က တစ်နိုင်ငံလုံးရှိ ပြည်သူများကို စိန်ခေါ်ပြီး တပ်မတော်ကို ဖား၍ ပြည်သူတစ်ရပ်လုံးကို ဆဲဆိုစော်ကားပြောဆိုထားသော ရုပ်သံဖိုင် မှတ်တမ်းမှ ထုတ်နှုတ်ပြဆိုခြင်း ဖြစ်ပါသည်။)

၂၇-၈-၂၀၂၂ ရက်နေ့ကလည်း လူရမ်းကား မိုက်ကယ်ကျော်မြင့်က တိုက်ရိုက်ထုတ်လွှင့်၍ "ကျွန်တော်ဆဲဆိုမိုက်ရိုင်းထားတဲ့ ရုပ်သံဖိုင်တစ်ခုနဲ့ ပတ်သက်ပြီး ကျွန်တော် ပြောချင်ပါတယ်နော်။ ဟုတ်တယ်။ အဲဒီအချိန်တုန်းက အဲဒီမနက်တုန်းက လွန်ခဲ့တဲ့ ၃လပိုင်းဖြစ်မလား၊ ၅လပိုင်းလောက်က ကျွန်တော်အဲဒီဗွီဒီယိုဖိုင်လေးကို တင်ခဲ့တယ်။" ဟု ဝန်ခံပြောဆိုထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)