မုဒုံမြို့နယ် ကျုံဖိုက်ကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့နယ် ကျုံဖိုက်ကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်

 



MNP - ဩဂုတ်   ၂၅


မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင်  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေကျပ် သိန်း(၁၀၀) ဖြင့် ကျုံဖိုက်ကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီးဖြစ်ကြောင်း သိရသည်။


“ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) သည် ဖွံ့ဖြိုးမှုနည်းပါးသော ကျေးရွာများတွင် လိုအပ်သည့်လုပ်ငန်းများကို နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေနှင့် ကျေးရွာနေ ပြည်သူလူထုများ၏ပါဝင်မှုဖြင့် ဦးစားပေးလုပ်ငန်းအလိုက် လုပ်ငန်းစီမံချက်ရေးဆွဲပြီး ကျေးရွာ၏ ပကတိလိုအပ်သော ဖွံ့ဖြိုးရေးအစီအစဉ်များကို ကျေးရွာနေ ပြည်သူများကိုယ်တိုင်ဖော်ထုတ်၍ ဦးစားပေးလုပ်ငန်းအလိုက်  မိမိတို့၏ ကျေးရွာဖွံ့ ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နည်းပညာပံ့ပိုးမှုနှင့် ကြီးကြပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း” ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဒေါ်မိဝတ်ရည်မွန် ကပြောသည်။


အဆိုပါ ကွန်ကရစ်လမ်းသည် အရှည် (၄၀၀) ပေ ၊ အကျယ် (၁၂) ပေ၊ ထု (၆) လက်မဖြစ်ပြီး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက ကျေးရွာအတွင်းရှိအိမ်ခြေ ၄၂၃၊ လူဦးရေ (၂၀၀၀)ခန့်နှင့် အနီးနားဝန်ကျင်ကျေးရွာများမှ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးတို့အတွက်များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။


သတင်း - သားငယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)