MNP - ဩဂုတ် ၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် တရားဥပဒေစိုးမိုးရေးနှင့်ဒေသဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၁၀၀၀)နာရီအချိန်က အင်းကုန်းကျေးရွာ ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုအခြေအနေများနှင့် ကိုဗစ်-၁၉ရောဂါကြောင့် ညကြုံတွေ့ခဲ့မှုအခြေအနေများကို ပြောကြားခဲ့ပြီး၊ ကာကွယ်ဆေးလွှမ်းခြုံနိုင်ရေး ကျေးရွာပြည်သူများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများကလည်း မိမိတို့ ကဏ္ဍအလိုက် ဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာရှိ ရပ်မိရပ်ဖများနှင့် ပြည်သူများကလည်းကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ မီးလင်းရေးနင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးစသည့် လုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြခဲ့ဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲများကလည်း လိုအပ်ချက်များနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများနှင့် ဆောင်ရွက်ပေးသွားမည့် အကြောင်းအရာများကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေး၊ မြို့နယ်လျှပ်စစ်တာဝန်ခံ၊ မြို့နယ်ကျန်းမာရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးအရာရှိ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်း - ဥမ္မာခင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment