ရသေ့တောင်မြို့တွင်အမှတ်(၁)၊အခြေခံ ပညာအထက်တန်းကျောင်းခြံဝင်းအတွင်း၌ ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း သန့်ရှင်းရေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့တွင်အမှတ်(၁)၊အခြေခံ ပညာအထက်တန်းကျောင်းခြံဝင်းအတွင်း၌ ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း သန့်ရှင်းရေးပြုလုပ်

 




MNP ၊ သြဂုတ် ၆

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျောင်းပတ်ဝန်းကျင်များသန့်ရှင်းသာယာလှပရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်းရေးနှင့်သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့၊ နံနက်(၇) နာရီအချိန်ခန့်တွင် အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းခြံဝင်းအတွင်း ၌ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးနိုင်လင်ထက်၊ အဖွဲ့ဝင်ဗိုလ်မှူး ဖြိုးဝေအောင်နှင့်အဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်းမှ တပ်မတော်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ် ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပြည်သူများ စုစုပေါင်းအင်အား ၉၀ ခန့်တို့က ကျောင်းပတ်ဝန်းကျင်များသန့်ရှင်းသာယာလှပရေးနှင့်သွေးလွန် တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ခြင်များခိုအောင်းနိုင်သည့် နေရာများ၊ ချုံနွယ်မြက်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ပလစ်စတစ်ဗူးခွံ၊ အမှိုက်သရိုက်များအား တက်ညီလက်ညီ စုပေါင်းရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ ထိုသို့စုပေါင်းသန့်ရှင်းရေးဆောင် ရွက်ရန်လာရောက်သူများအား ကျောင်းအုပ်ဆရာကြီးက လက္ဖရည်နှင့် မုန့်များဖြင့်ဧည့်ခံခဲ့ကြောင်းသိရသည်။

ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)