Pages

Pages

မြန်အောင်၌ (၁/၂၀၂၂) လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်လှစ်





MNP - သြဂုတ်   ၈


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၁၃) စက်မှု လယ်ယာစခန်း သင်တန်းခန်းမတွင် ယနေ့ နံနက်က (၁/၂၀၂၂) လယ်ယာသုံး စက်ကိရိယာမောင်းနှင် ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။ 


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ဟင်္သာတခရိုင် စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး ဦးအောင်ကျော်သန်းက  သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား၍ သင်တန်းသားများအား သင်ရိုးမှတ်စုစာအုပ်နှင့် ဝတ်စုံများကို တာန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြသည်။


(၁/၂၀၂၂) လယ်ယာသုံး စက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းသို့ မြန်အောင် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ သင်တန်းသား (၃၀)ဦး တက်ရောက်၍ သင်တန်းကာလ (၁၂)ရက်တွင် စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးဖြိုးဝေထွန်းထံမှ သိရ သည်။


လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မြန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း၊ ဟင်္သာတခရိုင် စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး ဦးအောင်ကျော်သန်း၊ စက်ရုံမှူး ဦးဇော်လွင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်သူရိန်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချစ်မောင်၊ မြို့နယ်စက်မှု လယ်ယာဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီး အကဲများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment