Pages

Pages

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ညောင်တုန်းမြို့ အားကစားကွင်းသို့ ကြည့်ရှုစစ်ဆေး

 


MNP - ဩဂုတ်   ၈


အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၈ နာရီအချိန်ခန့်က ‌ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့ရှိ မြို့နယ်အားကစားကွင်းသို့ ကြည့်ရှု စစ်ဆေးခဲ့သည်။


ဝန်ကြီးနှင့် တာဝန်ရှိသူများသည် မြို့နယ်ဘောလုံးကွင်းနှင့် အားကစားခန်းမတို့ ပြင်ဆင်ပြုပြင် ဆောင်ရွက်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရာ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုစုခင်မှ အားကစားကွင် ပြင်ဆင်ပြုပြင်ခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဝန်ကြီးမှ အားကစား ကွင်းအား ထပ်မံပြုပြင်ပေးရန် ကိစ္စရပ်များနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment