Pages

Pages

ရမည်းသင်းမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် (၁၈) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ



MNP - ဩဂုတ်   ၈


မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌလား အသက (၁၈) နှစ်အောက် အမျိုးသမီး‌ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ရမည်းသင်းခရိုင် ပြည်သူ့အားကစားကွင်း၌ ယမန်နေ့ညနေ ၄ နာရီခွဲက  ကျင်းပပြုလုပ် သည်။


အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဗိုလ်လုပွဲ ပွဲစဉ်အဖြစ် အ.ထ.က(၁)  ကျောင်းအသင်းနှင့် လေ့ကျင့်ရေး‌ကျောင်းအသင်းတို့ ယှဉ်ပြိုင်နေမှုကို ရမည်းသင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နည်းပြဆရာ၊ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ကြရာ ပထမပိုင်း ၄၅ မိနစ်မှာ လေ့ကျင့်ရေးကျောင်းက ဦးဆောင်ဂိုး (၁) ဂိုးသွင်းယူထားပြီး ဒုတိယပိုင်း ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ အ.ထ.က (၁) ကျောင်းက ခြေပဂိုး (၁) ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပြီး ပွဲချိန်မိနစ် ၉၀ အချိန်ထိ တစ်ဖက်နှင့်တစ်ဖက် တစ်ဂိုးစီဖြစ်နေ သဖြင့် အချိန်ပိုဆက်လက်ကစားခဲ့ရာတွင်လည်း ဂိုးမရရှိသဖြင့် ပင်နယ်တီအဆုံးအဖြတ်ဖြင့် ယှဉ်ပြိုင်ပေးခဲ့ရာ လေ့ကျင့်ရေး‌ကျောင်းအသင်းက (၁) ဂိုး အ.ထ.က (၁) ကျောင်းအသင်းက (၃)   ဂိုးဖြင့် အနိုင်ရရှိကာ ဗိုလ်စွဲခဲ့သည်။


ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ရမည်းသင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းက ပထမရရှိသည့် အ.ထ.က(၁) ကျောင်း အသင်းအား‌ ငွေသားဆု(၂)သိန်းနှင့် ဆုဖလားချီးမြှင့်ခဲ့ပြီး ရမည်းသင်းမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ အဖွဲ့ဝင (၁) ဗိုလ်မှူးဇော်ဇော်မိုက ဒုတိယရရှိ‌သောလေ့ကျင့်ရေး‌ကျောင်း အသင်းအား တစ်ဦးချင်း ဆုတံဆိပ်ချီးမြှင့်ခြင်းကိုလည်း‌ကောင်း၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ထက်ထက်ဝင့်မှ ဒုတိယဆု ရရှိသော လေ့ကျင့်ရေး‌ကျောင်းအသင်းအား ငွေသားဆုချီးမြှင့်ခြင်းကိုလည်းကောင်း၊ ပွဲစဉ် တစ်လျှောက် နေရာအသီးသီးအလိုက် အကောင်းဆုံးကစားသမားဆုတို့အား တာဝန်ရှိ သူများက ဆုများချီးမြှင့် ပေးအပ်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment