ကျုံပျော်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား တိုက်နယ်ပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျုံပျော်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား တိုက်နယ်ပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ



MNP - ဩဂုတ်   ၁၇


ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား တိုက်နယ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ပြည်သူ့အားကစားကွင်း အတွင်း၌ ဩဂုတ် ၁၆ ရက် ‌ညနေ ၃ နာရီက ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ အားကစားသမားများက ကွင်းအတွင်းနေရာယူ သတင်းပို့ပြီးနောက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းက ယခုအားကစားပွဲမှသည် နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ထွက်ပေါ်လာရေး ကြိုးစားကြရန်နှင့်  အားကစားစိတ်ဓာတ် ပြည့်ဝစွာဖြင့် ယှဉ်ပြိုင်ကြရန် အဖွင့်အမှာစကား ပြောကြားကာ၊ အားကစားသမားများက အားကစားသစ္စာ အဓိဌာန်(၄)ချက် ရွတ်ဆို၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့သည်။ 


ဖွင့်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသိန်းစိုးဝင်း၊ အဖွဲ့ဝင်(၂) ဦးရန်နိုင်ဝင်းနှင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဘောလုံးဝါသနာရှင် ပရိတ်သတ်များ၊ အားကစားသမားသမားများ တက်ရောက်ကြပြီး၊ မြို့မ(၁) ဘောလုံးအသင်းနှင့် အင်းရဲတိုက်နယ် ဘောလုံးအသင်းတို့ စတင်ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဖက်နှင့်တစ်ဖက် ဂိုးမရရှိပဲ သရေပွဲဖြစ်ခဲ့သည်။


အဆိုပါ ဘောလုံးပြိုင်ပွဲသို့ ကျုံပျော်မြို့နယ်အတွင်းရှိ တိုက်နယ်(၅)ခုတို့မှ အသင်းများ ဖြစ်သော မြို့မ(၁)အသင်း၊ မြို့မ(၂)သောင်ကြီး အသင်း၊ တောချောင်းအသင်း၊ အင်းရဲတိုက်နယ်အသင်း၊ အထောင်တိုက်နယ်အသင်း၊ ရေစခန်းတိုက်နယ်အသင်း၊ ဒိုက်ပျက်(က) တိုက်နယ်အသင်း၊ ဒိုက်ပျက်(ခ) တိုက်နယ်အသင်းစသည့် အသင်းပေါင်း(၈)သင်းတို့ ဝင်ရောက်ယှဉ်ပြိုင် ကြမည်ဖြစ်ကြောင်း သိရသည်။


သတင်း - လပြည့်ဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)