MNP - ဩဂုတ် ၂၅
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ လူမှုရေး၊ စည်းရုံးရေးဆိုင်ကိစ္စရပ်များနှင့် ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ဩဂုတ် ၁၉ ရက်နေ့မှစ၍ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က သံကုန်းကျေးရွာအုပ်စု သံကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ၌ ကျင်းပခဲ့ကြောင်းသိရသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးအောင်ကျော်ဇံ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကျော်ဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောခန္တီရှိန်း၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းထွန်းစိုး၊ မြို့နယ်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန လ/ထညွှန်ကြားရေးမှူး ဦးမိုးအောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်ဥမ္မာဝင်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးသန့်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာအောင်ဝေဆန်း၊ ဦးစီးအရာရှိဦးစိုးနိုင် (ရေအရင်းအမြစ်)၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဦးသစ်လွင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ဇင်သန့်နှင့် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်သံကျွမ်းကျင်-၃ ဦးကိုကိုနိုင်တို့က သံကုန်းကျေးရွာ ဒေသခံပြည်သူ များနှင့် တွေ့ဆုံဆွေးနွေးကြပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask နှင့် Hand Gel များ ဖြန့်ဝေပေးခြင်း၊ ပြည်သူ့ဝန်ဆောင်မှုပေးလျက်ရှိသည့် လုပ်ငန်းများကို ပြည်သူများသိရှိနိုင်စေရန် သက်ဆိုင်ရာဌာနအလိုက် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ဒေသခံပြည်သူများက မိမိတို့ကျေးရွာ၏ လိုအပ်ချက်များကို တင်ပြ ဆွေးနွေးကြရာ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာချင်းဆက်လမ်း ဆောင်ရွက်ရန်ကိုလည်းကောင်း၊ တိရစ္ဆာန်ကာကွယ်ဆေးထိုးခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ သံကုန်းကျေးရွာ အလက(ခွဲ)ကျောင်းပင်မဆောင်မှ မျက်နှာကျက်ပျက်စီးနေမှုအား ပြင်ထိန်းရန်ပုံငွေ ရရှိရေးကိုလည်းကောင်း၊ ဒေသခံပြည်သူများ၏ တင်ပြဆွေးနွေးမှုများအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ကွင်းဆင်းဆောင်ရွက်ပေးကြပြီး ရွာဦးကျောင်းတိုက်ဆရာတော်ထံ လှူဘွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ပူဇော်ခြင်း၊ သံကုန်းကျေးရွာအလက(ခွဲ)မှ ကျောင်းစာကြည့်တိုက်အတွင်း ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာဖတ်ရှုနေမှုအား ကြည့်ရှုအားပေးခြင်း၊ ကျေးရွာအတွင်း မီးဘေးအန္တရာယ်ကင်းရှင်းရေး လိုက်လံကြည့်ရှုစစ်ဆေးခြင်း၊ တိရစ္ဆာန်ကာကွယ်ဆေးထိုးပေးခြင်း၊ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်း - သက်နောင်ဦး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment