လားရှိုးမြို့နယ်၊ ခါးသျှိကျေးရွာတည် (၅၄)နှစ်ပြည့်အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

လားရှိုးမြို့နယ်၊ ခါးသျှိကျေးရွာတည် (၅၄)နှစ်ပြည့်အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲကျင်းပ



MNP - ဩဂုတ်   ၁၇


ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်၊ ခါးသျှိကျေးရွာတည်ထောင်သည့် (၅၄)နှစ်ပြည့်အထိမ်းအမှတ် ဘောဘောလုံးပြိုင်ပွဲကို လားရှိုး-မိုင်းရယ်-တန်းယန်းလမ်းပေါ်ရှိ ခါးသျှိကျေးရွာတွင် ကျင်းပပြုလုပ်နေကြောင်း သိရသည်။


ခါးသျှိကျေးရွာတည်ထောင်ခြင်း (၅၄)နှစ်ပြည့်အဖြစ် ကျေးရွာ၏ ဘောလုံးကွင်းသစ်ဖွင့်ပွဲနှင့်အတူ ဒေသခံလူငယ်မျိုးဆက်သစ် အားကစားသမားများပေါ်ထွန်းစေရေးအတွက် ဘောလုံးပြိုင်ပွဲကိုလည်း ကျင်းပလျက်ရှိသည်။


အဆိုပါ ဘောလုံးပြိုင်ပွဲကို ဩဂုတ်လ ၈ ရက်နေ့မှ စက်တင်ဘာလ ၈ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲသို့ အမျိုးသားဘောလုံးအသင်း (၁၈) သင်း၊ အမျိုးသမီးဘောလုံး အသင်း(၈)သင်း ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။


သတင်း - စိုင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)