မော်လမြိုင်မြို့၌ အနာဂတ်ကြယ်ပွင့် ကလေးငယ်များဘဝအလင်း ထွန်းတောက်လာစေဖို့ စာသင်ကျောင်းများအရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်မြို့၌ အနာဂတ်ကြယ်ပွင့် ကလေးငယ်များဘဝအလင်း ထွန်းတောက်လာစေဖို့ စာသင်ကျောင်းများအရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး



MNP - ဩဂုတ်   ၂၀


မော်လမြိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပညာရေးဌာနှင့်ပူးပေါင်း၍ မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သော  အနာဂတ်ကြယ်ပွင့်ကလေးငယ်များ ဘဝအလင်း ထွန်းတောက်လာစေဖို့ စာသင်ကျောင်းများ အရောက် သွားရောက်၍ စာပေနှင့်စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမိုမြင့်မားလာစေရေးတို့အတွက် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ် (Mobile Library Bus)ဖြင့် ယမန်နေ့နံနက်ကနှင့် သုခဝတီအထက်တန်းကျောင်းနှင့် အားကာ/ သိပ္ပံအထက်တန်း‌ကျောင်းများသို့ သုတ/ ရသစာအုပ် စာစောင်မျိုးစုံယူဆောင်၍ သွားရောက်ငှားရမ်း ပေးခဲ့သည်။  


ထိုသို့ စာအုပ်များငှားရမ်းပေးရာတွင် ရုပ်ပြနှင့်အသိပညာဗဟုသုတများစွာ ရရှိမည့် သုတ/ ရသစာအုပ် စာစောင်များ စုံလင်စွာ ငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တနှစ်ပတ်လျှင် တစ်ကြိမ်လဲလှယ်စနစ်ဖြင့် ငှားရမ်းပေးသွားမည်ဖြစ်ပြီး ကျောင်းသူ ကျောင်းသားများ ဖတ်ရှုလေ့လာနိုင်ရန် စာအုပ်စာစောင်များ ခင်းကျင်းပြသပေးကာ ကလေးကဗျာများ၊ ရုပ်ပြ ပုံပြင်များ၊ စာစောင်များ စသည့် ကလေးများ အသိပညာတိုးပွားရေး စာအုပ်စာပေများကို စုပေါင်းဖတ်ရှုကြစေရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ဖတ်ရှူ လေ့လာခဲ့ကြောင်းလည်း သိရသည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများသည် အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား/ သူ လူငယ်များ စာဖတ်ရှိန်မြင့်မား ရေးနှင့် ပြင်ပဗဟုသုတများ တိုးပွားလာစေရေး စိတ်ဓာတ်ခွန်အားဖြစ်စေသော စာပေများ၊ ဗဟုသုတဖြစ်စေသော စာအုပ်၊ စာစောင်များကို   ဖတ်ရှုစေခြင်းဖြင့် စာဖတ်ရှိန်များ မြင့်မားလာစေရန်၊ ပြင်ပဗဟုသုတများ တိုးပွားလာစေရန်၊ စာပေချစ်မြတ်နိုးသူများဖြစ်လာစေရန် အချိန်ကို အကျိုးရှိရှိအသုံးချတတ်စေရေး၊ စာဖတ်သည့်အလေ့အကျင့်များမှ စာပေချစ်သူများဖြစ်လာစေရေး၊ ပညာတတ်သားကောင်းရတနာများ ဖြစ်လာစေရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်ပေးကြောင်းသိရသည်။


သတင်း - ခင်စန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)