MNP - ဩဂုတ် ၂၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား ၁၀၇ ဦးအား အလှူငွေနှင့် စားသောက်ဖွယ်ရာ ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းကို ယမန်နေ့က မကွေးမြို့မှ အလှူရှင် ဦးအောင်ထွန်းမြင့် - ဒေါ်စန်းသီတာ မိသားစုက သက်ကြီးဘိုးဘွားများ၏ နေအိမ်အရောက် အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ သက်ကြီးဘိုးဘွားများအား အလှူငွေနှင့် စားသောက်ဖွယ်ရာပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးခြင်းကို ပွင့်ဖြူမြို့နယ် သနပ်ဝကျေးရွာ၊ အုတ်ဖိုကျေးရွာ၊ ဖလံကျင်းကျေးရွာ၊ အနောက်လေးအိမ်ကျေးရွာ၊ ကြူဝင်းကျေးရွာ၊ မကျီးစုကျေးရွာနှင့် ဆည်တော်ကျေးရွာတို့မှ သက်ကြီးဘိုးဘွား ၁၀၇ ဦးအား အလှူရှင်မိသားစုက အဘိုးအဘွားများကို တစ်ဦးချင်းအလိုက် အလှူငွေနှင့် အုန်းပင်ခေါက်ဆွဲ၊ မာမားခေါက်ခွဲ၊ ကွေကာ(၃၀)ပါ အထုပ်ကြီး တစ်ထုပ်၊ နန်းစိန် ကိတ်မုန့်(၁)ဘူးစီတို့ကို အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း - လှိုင်ဝင်းလေး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment