လိပ်သိုမြို့အတွင်း သန့်ရှင်းသာယာလှပစေရေးနှင့် တောင်ငူ-လွိုင်ကော် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လိပ်သိုမြို့အတွင်း သန့်ရှင်းသာယာလှပစေရေးနှင့် တောင်ငူ-လွိုင်ကော် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်



MNP - သြဂုတ်   ၃၀


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့တွင်းနှင့် လမ်းဘေးဝဲယာရှိ ပေါင်းမြက်ခြုံနွယ်များ သန့်ရှင်းစေရန်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို အမှတ်(၁)ရပ်ကွက်နှင့် တောင်ငူ-လွိုင်ကော် လမ်းမကြီးလမ်းဘေးဝဲယာတစ်လျှောက် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် လိပ်သိုမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့စည်ပင်သာယာရေးအဖွဲ့များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ မြက်များ၊ ခြုံနွယ်ပိတ်ပေါင်းများအား ခုတ်ထွင်ရှင်းလင်း ခြင်းနှင့် လမ်းဦးစီးဌာနမှ တောင်ငူ-လွိုင်ကော် လမ်းမကြီးတစ်လျှောက် ချိုင့်ခွက်များအား ပြုပြင်ဖာထေးခြင်းများပြုလုပ်ပြီး ပေါင်းခုတ်စက်များဖြင့်ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ရှင်းလင်းပြီးအမှိုက်များကို စည်ပင်အမှိုက်ကားဖြင့် စနစ်တကျစွန့်ပစ်ရှင်းလင်းခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


သတင်း - ခင်လေးနွယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)