အုတ်ဖိုမြို့တွင် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အဖြစ် ကျောင်းသား/သူများအား သံချဆေးတိုက်ကျွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

အုတ်ဖိုမြို့တွင် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အဖြစ် ကျောင်းသား/သူများအား သံချဆေးတိုက်ကျွေး

 



MNP - သြဂုတ်  ၉


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးသက်ဝင်း၏ လမ်းညွှန်မှုဖြင့် မိခင်နှင့်ကလေးကျန်းမာရေးဌာန၏ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု ဒုတိယပတ်အဖြစ် ကျောင်းသား/သူများအား သံချဆေးတိုက်ကျွေးခြင်းကို အ.လ.က ချမ်းမြသာမြေနှင့် အ.မ.က ကွေ့ချောင်းတို့တွင် ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နေဇင်ယုနှင့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်သက်သက်အေးတို့မှ ဦးဆောင်၍ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် ဒုတိယပတ်အနေဖြင့် ကလေးသူငယ်များကျန်းမာဖွံ့ဖြိုးပြီး ရောဂါဘယကင်းရှင်းစေရေးအတွက် ကျောင်သား/သူများအား သံချဆေးတိုက်ကျွေးခဲ့ကြပြီး ခြင်ယင်ပေါက်ဖွားမှုကင်းဝေးစေရေးအတွက် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - အောင်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)