MNP - ဩဂုတ် ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ အများပြည်သူများအသိပညာဗဟုသုတ ကြွယ်ဝစေရန်၊ စာပေဖတ်ရှု့လေ့လာသူ ပိုမိုတိုးပွားစေရန်နှင့် ကျောင်းသား/သူ များအား စာအုပ်စာပေများနှင့် ရင်းနှီးကျွမ်းဝင်၍ ပြင်ပဗဟုသုတများရရှိနိုင်စေရန်အတွက် ယနေ့မွန်းလွဲပိုင်းက ဟိုပန်မြို့နယ်၊ ကောင်းကော်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်၍ နယ်လှည့် စာကြည့်တိုက်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းရာ၌ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းနှင့် ဝန်ထမ်းများက အလက(ကောင်းကော်)ကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ များကို ယခင်လက ငှားရမ်းပေးထားသည့် သုတ/ရသ စာအုပ်များအား ပြန်လည်အပ်နှံလက်ခံစေပြီး ယနေ့တွင် မဂ္ဂဇင်း(၁၀)အုပ်နှင့် ပညာရပ် (၂၀)အုပ် စုစုပေါင်း သုတ၊ရသ စာအုပ် (၃၀)အုပ်အား အခမဲ့ ပြန်လည်ငှားရမ်းပေးခဲ့သည်။
ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဌာနဆိုင်ရာ ရုံးများနှင့် အခြေခံပညာကျောင်းများသို့ လစဉ်သွားရောက်၍ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
သတင်း - ဇင်ဇင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment