Pages

Pages

ရေနံလက်ယက်တွင်းတူးဖော်ရန်လျှောက်ထားသည့်လုပ်ငန်းရှင်များအားရေနံတူးဖော်ခြင်းနှင့် ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲ ကျင်းပ



MNP - သြဂုတ်   ၁၀


မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ရေနံလက်ယက်တွင်း တူးဖော်ရန်လျှောက်ထားသည့် လုပ်ငန်းရှင်များအား ရေနံတူးဖော်ခြင်းနှင့် ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့က အမှတ်(၂)လုပ်သားများ အပန်းဖြေရိပ်သာ ချောက်ရေနံမြေလုပ်ငန်းခွင်သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ ချောက်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက အဖွင့်အမှာစကား ပြောကြားပြီး ချောက်/လမ်းရွာရေနံမြေ အထွေထွေမန်နေဂျာကရေနံလက်ယက်တွင်း တူးဖော်ခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ ချောက်/လမ်းရွာရေနံမြေအင်ဂျင်နီယာချုပ် (တူးဖော်ရေး)နှင့် ဘူမိဗေဒအရာရှိတို့က ရေနံလက်ယက်တွင်း တူးဖော်ခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိက ရေနံလက်ယက်တွင်း ဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍လည်းကောင်း၊ မြို့နယ်သစ်တောဦးစီးမှူးက ရေနံလက်ယက်တွင်း တူးဖော်ခြင်းကြောင့် သစ်တော၊ သစ်ပင်များ မထိခိုက်စေရေး သတိပြု ဆောင်ရွက်ရမည့် အချက်များကိုလည်းကောင်း၊သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိက ရေနံလက်ယက်တွင်း တူးဖော်ရာတွင် သဘာဝ ပတ်ဝန်းကျင် မထိခိုက်စေရေးအတွက် သတိပြု ဆောင်ရွက်ရမည့် ကိစ္စများနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးမှူးက ရေနံလက်ယက်တွင်းတူးဖော်ရာတွင် မီးလောင်မှု မဖြစ်ပွားစေရေးအတွက်ဆောင်ရွက်ရမည့်


ထို့နောက် တက်ရောက်လာသည့် ရေနံလက်ယက်တွင်း တူးဖော်ရန်လျှောက်ထားသည့် လုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ သက်ဆိုင်ရာတာ ဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။


သတင်း - ကျော်မိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment