Pages

Pages

ကျိုက်ထိုမြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန၌ “လူငယ်နှင့်အကောင်းဆုံးဘဝကို တည် ဆောက်ခြင်း “စာအုပ် ဖြင့် စာဖတ်ဝိုင်းပြုလုပ်



MNP ၊ သြဂုတ်   ၁၀

မွန်ပြည်နယ် ၊ကျိုက်ထိုမြို့နယ် ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေ ပြုဗဟိုဌာန ( Community   Centre) ခန်းမတွင် ဩဂုတ်(၁၀)ရက် မွန်းလွဲ  ၁ နာရီကပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  စာပေချစ်မြတ်နိုးသူများအသင်း (Book Club )တို့ ပူးပေါင်း၍ စာရေးဆရာ   ဒေါက်တာခင်မောင်ညို ရေးသားသည့် “လူငယ်နှင့်အကောင်းဆုံးသော ဘဝကိုတည်ဆောက်ခြင်း “ စာအုပ်ဖြင့်စာဖတ်ဝိုင်းဆွေးနွေးပွဲ ကိုပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်သန်းသန်း‌မော် က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း  ရည်ရွယ်ချက် ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ (Book Club )အဖွဲ့ဝင် ဒေါ်တင်ထားအေး၊ဦးစိုးမင်းမြတ်၊ဦးအောင်ခိုင်စိုးတို့က ဉီးဆောင်ဆွေးနွေးကြပြီး တက်ရောက် လာကြသည့် ကျောင်းသားကျောင်း သူများက စာအုပ်ပါအကြောင်း အရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲများကိုဆောင် ရွက်ပေးခြင်းဖြင့် လူငယ် ၊လူရွယ်များ ၊ကျောင်းသား၊ကျောင်းသူများစာဖတ်သည့်အလေ့အကျင့် ရှိလာစေရန် ၊စာပေမှ ရရှိသည့် အသိပညာဖြင့်သူတစ်ပါးအား မျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင် ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် ရည်ရွယ်ဆောင် ရွက်ခြင်းဖြစ်ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment