MNP ၊ သြဂုတ် ၈
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် အခြေခံပညာမူလတန်းကျောင်း- ဟင်္သာဖို ကျောင်းဆောင်သစ် ဆောက်လုပ်ရန် မြေနေရာဝယ်ယူရေးအတွက် ထက်ရည်လင်းရွှေသတ္တု တူးဖော်ရေးကုမ္ပဏီမှ အလှူငွေ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို စဉ့်ကူးမြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ အလှူငွေပေးအပ် လှူဒါန်းပွဲအခမ်းအနားသို့ စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးထွန်းကျော်နိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သော်တာထွန်းနှင့် အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်နီချစ်၊ မြို့နယ်ပညာရေးမှူး ဒေါ်သန္တာအောင်နှင့် ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြေနေရာပိုင်ရှင် ဦးအေးငြိမ်း၊ အလှူငွေများ ပေးအပ်လှူဒါန်းသည့် ထက်ရည်လင်း ရွှေသတ္တုတူးဖော်ရေး ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးဘရွှင် နှင့် တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျောင်းအကျိုးတော်ဆောင်များ တက်ရောက်ကြသည်။
အလှူငွေပေးအပ်ပွဲတွင် အခြေခံပညာမူလတန်းကျောင်း-ဟင်္သာဖို စာသင်ကျောင်းမြေနေရာ (ဝ.၅၁) ဧက အတွက် ထက်ရည်လင်း ရွှေသတ္တု တူးဖော်ရေး ကုမ္ပဏီမန်နေဂျာ ဦးဘရွှင်က အလှူငွေကျပ် သိန်း ၃၀ ကို ပေးအပ်လှူဒါန်းရာ မြို့နယ်ပညာရေးမှူး ဒေါ်သန္တာအောင် လက်ခံရယူခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကာ မြို့နယ်ပညာရေးမှူးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ စဉ့်ကူးမြို့နယ်၊ ဟင်္သာဖို ကျေးရွာအုပ်စုရှိ အခြေခံပညာမူလတန်းကျောင်း-ဟင်္သာဖိုသည် မြစ်ကမ်းပါးနှင့် နီးကပ်နေသည့်အတွက် မြစ်ကမ်းပါးနှင့်ဝေးကွာသည့် ကျေးရွာအတွင်းပိုင်းတွင် ကျောင်းဆောင်သစ် ဆောက်လုပ်နိုင်ရေး မြေနေရာဝယ်ယူရန် ထက်ရည်လင်း ရွှေသတ္တုတူးဖော်ရေး ကုမ္ပဏီမှ လှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - တင်ဇာလွင်
https://t.me/MyanmarNationalPost



No comments:
Post a Comment