လိပ်သိုမြို့တွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေး ဟောပြောပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

လိပ်သိုမြို့တွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေး ဟောပြောပွဲပြုလုပ်



MNP - သြဂုတ်   ၉


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ကျန်းမာရေးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းကျန်းမာ ရေးသီတင်းပတ် လှုပ်ရှားမှုအဖြစ် ကျောင်းသား ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်ရည်ရွယ်ပြီး ကျန်းမာရေးအသိ ပညာပေး ဟောပြောပွဲတစ်ရပ်ကို လိပ်သိုမြို့အခြေခံပညာအထက်ကျောင်း သဇင်ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်ကပြုလုပ်ခဲ့ကြောင်း သိရသည်။


ဟောပြောပွဲတွင် တိုက်နယ်ပြည်သူ့ဆေးရုံမှ တာဝန်ခံဆရာဝန်ဒေါက်တာ ဇေယျာဦးက ကျန်းမာရေးအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးအကြောင်း၊ အစာအာဟာရ အုပ်စု ၃ အုပ်စု ပါဝင်အောင်စားသောက်ရမည့်အကြောင်း၊ကျား မဟော်မုန်းပြောင်းလဲခြင်းအကြောင်း တို့ကို ဟောပြောပေးပြီး တိုက်နယ်ကျန်းမာရေးဆရာမ နော်ထီနေအေးက ဆယ်ကျော်သက်အရွယ် ကျန်းမာရေးအကြောင်းနှင့် သားအိမ်ခေါင်းကင်ဆာအကြောင်းတို့ကိုအသိပညာပေး ဟောပြောခဲ့သည်။


ဆက်လက်၍ဟောပြောပွဲသို့ တက်ရောက်လာသူများအား ကျောင်းသားကျောင်းသူ ကျန်းမာဖို့ ကျန်းမာရေးအဆင့်မြင့်ကျောင်းများထူထောင်စို့ အသိပညာပေး လက်ကမ်းစာစောင်များအားဖြန့်ဝေပေးခြင်း၊ အလယ်တန်း၊အထက်တန်းကျောင်းသူ ၂၅၀ ဦးအား သံဓာတ်အားဆေး တိုက်ကြွေးခြင်း၊ မူလတန်းကျောင်းသားကျောင်းသူများအား ခံတွင်းကျန်းမာရေး စစ်ဆေးပေးခြင်း၊ မုန့်ဈေးတန်း၊ ရေကန်နှင့် အိမ်သာများအားစစ်ဆေးပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)