စဉ့်ကူးမြို့နယ်၌ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းချေးငွေများ ကျေးရွာ ၃ ရွာသို့ ဆပ်/ထုတ်စနစ်ဖြင့်ထုတ်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

စဉ့်ကူးမြို့နယ်၌ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းချေးငွေများ ကျေးရွာ ၃ ရွာသို့ ဆပ်/ထုတ်စနစ်ဖြင့်ထုတ်ပေး



MNP ၊ သြဂုတ်  ၈

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP) ဖြင့် ကျေးရွာသုံးရွာကို တတိယအကြိမ်မြောက် ချေးငွေများဆပ်/ထုတ်စနစ်ဖြင့် ထုတ်ပေးခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းတွင် ကျင်းပသည်။


ရှေးဦးစွာ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်အောင်စိုး က ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း အကာင်အထည်ဖော်ဆောင်ရွက်နေသည့် ကျေးရွာများ ဖြစ်သည့်  လက်ပန်ကုန်း၊ မြေနု၊ ကျွန်းတော်၊ ရွာတော်၊ ကျောင်းဆိပ်၊ အောင်ချမ်းသာကျေးရွာ တို့အနက် လက်ပန်ကုန်းကျေးရွာ၊ ရွာတော်ကျေးရွာနှင့် ကျောင်းဆိပ်ကျေးရွာ တို့မှ ကျေးရွာကော်မတီများကို ကျေးလက်နေပြည်သူများ၏ ဝင်ငွေလျော့နည်းလာမှု၊ စားဝတ်နေရေးအခက်အခဲများကို ကုစား ပေးနိုင်ရန်နှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ ကျေးရွာမတည်ရန်ပုံငွေများ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ လက်ပန်ကုန်းကျေးရွာမှ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၅၀) ဦးထံသို့ ချေးငွေ (၁၈.၅)သန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ (၆၀)ဦးထံသို့ ချေးငွေ(၁၄.၈)သန်း၊ ရွာတော်ကျေးရွာမှ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ (၇၉)ဦးထံသို့ ချေးငွေ (၁၈.၉၅)သန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ (၃၁)ဦး ထံသို့ ချေးငွေ (၇.၇)သန်း၊ ရေလုပ်ငန်းလုပ်ကိုင်သူ (၄)ဦးထံသို့ ချေးငွေ (ဝ.၉၅) သန်း၊ ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူ(၃)ဦးထံသို့ ချေးငွေ (ဝ.၇)သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ (၃)ဦးထံသို့ ချေးငွေ (၁.၁)သန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ (၁၄)ဦးထံသို့ ချေးငွေ (၃.၅)သန်း၊ ကျောင်းဆိပ်ကျေးရွာမှ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၁၂၄)ဦးထံသို့ ချေးငွေ (၂၀.၄) သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၆၇)ဦးထံသို့ ချေးငွေ (၁၀.၇)သန်း၊ ရေလုပ်ငန်းလုပ်ကိုင်သူ (၅)ဦးထံသို့ ချေးငွေ (ဝ.၈)သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ (၄)ဦးထံသို့ ချေးငွေ (ဝ.၇၅)သန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ (၅)ဦးထံသို့ ချေးငွေ (ဝ.၅၅)သန်း၊ စုစုပေါင်းကျေးရွာ သုံးရွာမှ လုပ်ငန်းလုပ်ကိုင်သူ (၄၄၉) ဦးအတွက် ချေးငွေ (၉၉.၄) သန်းအား ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း ကော်မတီဝင်များထံသို့ ကျေးလက်ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်း တာဝန်ခံတို့က  တတိယအကြိမ်မြောက် လွှဲပြောင်းပေးအပ်ခဲ့ရာ ကျေးရွာကော်မတီများမှ အသင်းသားများလက်ဝယ်သို့ နေ့ချင်းပြီး ပြန်လည်ထုတ်ပေးခဲ့ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်အောင်စိုး ထံမှ သိရသည်။


တင်ဇာလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)