ရှမ်းပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေးကျင်းပ



MNP - သြဂုတ်  ၃၀


ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၄/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက မိမိတို့ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်အတီအနေဖြင့် ရှမ်းပြည်နယ်အတွင်း ဟိုတယ်၊ တည်းခိုရိပ်သာလိုင်စင်များ၊ ခရီးလှည့်လည်ရေးနှင့် ဧည့်လမ်းညွှန်လုပ်ငန်း လိုင်စင်များ စနစ်တကျ ခွင့်ပြုချထားပေးခြင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဥပဒေလုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက် စေရေးအတွက် ကြီးကြပ်ဆောင်ရွက်ပေးခြင်း၊ ဗဟိုနှင့်ပြည်ထောင်စုအဆင့်တို့မှ ချမှတ်ပေးသည့် လမ်းညွှန် ချက်များကို လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်သည် ခရီးသွားလုပ်ငန်း အရင်းအမြစ်ကြွယ်ဝသလို နယ်မြေဧရိယာအားဖြင့်လည်း ကျယ်ဝန်းသည့်အတွက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားအလာကောင်းများရှိသကဲ့သို့ ထိန်းသိမ်းဆောင်ရွက်ရသည့်  လုပ်ငန်းများလည်း များပြားလှပါကြောင်း၊ ကော်မတီဝင်များအနေဖြင့် လိုအပ်သောအကြံ အဉာဏ်များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်သည့် ကိစ္စရပ်များကို ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးကြရန် ပြောကြားသည်။


ဆက်လက်၍ ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးထင်အောင်နိုင်မှ ယခင် ရှမ်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၃/၂၀၂၂) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်မှ ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၄/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးတွင် ဆုံးဖြတ်ချက်ရယူရန် ကိစ္စရပ်များနှင့် မှတ်တမ်းတင်ရန် ကိစ္စများရှင်းလင်း တင်ပြ၍ အထွေထွေဆွေးနွေးကြပြီး ဆွေးနွေးတင်ပြချက်အပေါ် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - မောင်မောင်သန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)