MNP - ဩဂုတ် ၅
သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ သံတွဲမြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် ရခိုင်ပြည်နယ် အိုင်ကီဒို၊ ကရာတေးဒိုကလပ် ၊ သံတွဲအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သည့် အိုင်ကီဒို၊ ကရာတေးဒိုသင်တန်း သင်တန်းသားများအား ခါးစည်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က သင်တန်းဖွင့်လှစ်မှုနှင့် လူထုအခြေပြုဗဟိုဌာန၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် သင်တန်းနည်းပြ ဦးထွန်းထွန်းအောင်က သင်တန်းဆင်း ခါးစည်းပေးအပ်ပွဲနှင့် ရှေ့လုပ်ငန်စဉ်များအား ရှင်းလင်းပြောကြားပြီး သံတွဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်လှက နွေရာသီ အားကစားသင်တန်းများ ဖွင့်လှစ်မှု အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် သင်တန်းဆင်း ခါးစည်းများကို ပေးအပ်ရာ ခါးစည်းအဝါ (၄)ဦး၊ ခါးစည်းအစိမ်းရောင် အမျိုးသား/အမျိုးသမီး (၁၇)ဦးနှင့် အပြာနု အမျိုးသား၊ အမျိုးသမီး (၁၃)ဦး စုစုပေါင်း( ၃၄)ဦးတို့အား လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်၊ သင်တန်းနည်းပြ ဦးထွန်းထွန်းအောင်နှင့် နည်းပြများက ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ သင်တန်းသားများက လက်ခံရယူခဲ့ကြပြီး သင်တန်းသားများနှင့် မိဘများကိုယ်စား အစိုးရ စက်မှုလက်မှုသိပ္ပံ ကျောင်းအုပ်ဆရာကြီး ဦးမျိုးမြင့်ခိုင်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
ဆက်လက်၍ အိုင်ကီဒို၊ ကရာတေးဒို သင်တန်းသား၊ သင်တန်းသူများက အဖွဲ့အလိုက် သရုပ်ပြ ကစားပြခဲ့ကြပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရှိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment