မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေပေးဝေရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေပေးဝေရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

 


MNP - သြဂုတ်   ၅


မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ရေပေးဝေရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းများကို သြဂုတ်လ ၂ ရက်နေ့က စတင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အဆိုပါ ရေပိုက်လိုင်း သွယ်တန်းခြင်းမှာ အမှတ်( ၆ )ရပ်ကွက် သံကန်(၆)လုံး ရေစုကန်မှ အမှတ်(၁၀)၊ ပတ္တမြားရပ်ကွက်ရုံးရှေ့အထိ 4"GI ရေပိုက်သွယ်တန်းခြင်းဖြစ်ပြီး ယခင် 3" ပိုက်လိုင်းမှာ ဆွေးမြေ့ပေါက်ပြဲနေ၍ မူလသံပိုက်အစား 4"GI ပိုက်အစားထိုး လဲလှယ်ခြင်းဖြစ်ကြောင်း၊ ရေပိုက်လိုင်းအား အမှတ်(၆)ရက်ကွက် သံကန်(၆)လုံး ရေစုကန်မှ အမှတ်( ၁၀)၊ ပတ္တမြားရပ်ကွက်ရုံးရှေ့အထိ သွယ်တန်းခြင်းဖြစ်၍ ရေပိုက်လိုင်းအရှည်ပေ ၁၂၀၀ပေ ရှိကြောင်း၊ သံကန် (၆)လုံးရေစုကန်မှာ ရေဂါလံ ၅၆၀၀၀ ဂါလံဆံ့ပြီး အိမ်ထောင်စု ၁၂၀ စုကို ဖြန့်ဝေပေးလျက်ရှိကြောင်း၊ အဆိုပါ ရေပိုက်လိုင်းအသစ် သွယ်တန်းခြင်း လုပ်ငန်းများ အမြန်ပြီးစီးရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ရေပေးရေးလုပ်ငန်းအနေဖြင့် ရေတိုင်အဟောင်းများနေရာတွင် ရေတိုင်အသစ်များ အစားထိုး လဲလှယ်ခြင်းလုပ်ငန်းများကိုလည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူထံမှ သိရသည်။


သတင်း - ကျော်မိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)