MNP - သြဂုတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ စိုက်ပျိုးစရိတ် ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုး စရိတ်ချေးငွေများကို မေလ ၂၀ ရက်နေ့မှ စတင်ထုတ်ချေးလျက်ရှိရာ ယနေ့အထိ ချေးငွေကျပ် (၃၀၉၂၂၅၀၀၀၀)ကျပ် ထုတ်ချေးပေးနိုင်ခဲ့သည်။
ဇလွန်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေ ထုတ်ချေးပေးခဲ့ရာတွင် ကျေးရွာအုပ်စု(၅၄)၊ စိုက်ပျိုးဧက(၂၀၆၁၅)၊ တောင်သူ(၃၀၈၅) ဦးအား ချေးငွေကျပ် (၃၀၉၂၂၅၀၀၀၀)ကျပ်ကို သက်သာသည့် အတိုးနှုန်းဖြင့် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးဆောင်ရွက် ပေးခဲ့ပြီး ကျန်ရှိနေသည့် ကျေးရွာအုပ်စုများမှ တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ဇလွန်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်မြင့်မြင့်ရီ၏ ပြောကြားချက်အရ သိရသည်။
သတင်း - ဝေယံ
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment