မင်းလှမြို့နယ်တွင် ဆီထွက်သီးနှံ ဆင်းရွှေကြာ-၂ နေကြာမျိုးစေ့ထုတ် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှု - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းလှမြို့နယ်တွင် ဆီထွက်သီးနှံ ဆင်းရွှေကြာ-၂ နေကြာမျိုးစေ့ထုတ် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှု

 


MNP - ဩဂုတ်  ၅


ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် စိုက်ပျိုးထားသော ဆီထွက်သီးနှံဆင်းရွှေကြာ-၂ နေကြာမျိုးစေ့ထုတ် သီးသန့်/သီးညှပ်စိုက်ခင်း (၁၅)ဧက အောင်မြင်ဖြစ်ထွန်းနေမှုအား ယမန်နေ့က တာဝန်ရှိသူများက  ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။


မျိုးစေ့ထုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းထွန်းအောင်နှင့် ဝန်ထမ်းများက လှည်းပြင်တင်အုပ်စုအတွင်း စိုက်ပျိုးထားသည့် ဆီထွက်သီးနှံ ဆင်းရွှေကြာ-၂ နေကြာမျိုးစေ့ထုတ် သီးသန့်/သီးညှပ်စိုက်ခင်းများအား ကြည့်ရှုခဲ့ပြီး လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့သည်။


ထို့နောက် ‌ တောင်သူဦးတင်ဝင်း၏ မျိုးစေ့ထုတ်စိုက်ခင်းရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း၊ ရရှိလာသည့်မျိုးစေ့များ ဆောင်းရာသီ၌ စိုက်ပျိုးမည့် တောင်သူများကို ဖြန့်ဝေပေးရန် စီစဉ်ထားကြောင်း သိရသည်။


သတင်း - ပေါက်စ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)