မိုင်းတုံမြို့နယ်ရှိ ဟွေအော် နားကောင်းမူး သဗ္ဗေညုမင်္ဂလာစုမ့်မိန်းစေတီတော်မြတ် ၃ ဆူအား မိုင်းဖုန်းဆရာတော်ကြီးထီးတော်တင်လှူ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းတုံမြို့နယ်ရှိ ဟွေအော် နားကောင်းမူး သဗ္ဗေညုမင်္ဂလာစုမ့်မိန်းစေတီတော်မြတ် ၃ ဆူအား မိုင်းဖုန်းဆရာတော်ကြီးထီးတော်တင်လှူ






MNP ၊ သြဂုတ် ၆

ရှမ်းပြည်နယ်၊မိုင်းတုံမြို့နယ်၊ပုံပါကျင်မြို့ရှိ ဟွေအော် နားကောင်းမူး သဗ္ဗေညု မင်္ဂလာစုမ့်မိန်း စေတီးတော်မြတ် ၃ ဆူ၏ ထီးတော်အား မိုင်းဖုန်းဆရာတော်ကြီးက သြဂုတ် ၅ ရက်ညနေပိုင်းတွင်ကြွရောက်၍ တင်လှူပူဇော်ခဲ့ကြောင်း သိရသည်။


မိုင်းကျတ်အထက်ဂူအတွင်း၌ ၃ နှစ်၊ ၃ လ၊ ၃ ရက် ဂူတွင်းအဓိဌာန်ကျင့်ကြံအောင်မြင်တော်မူပြီးပြန်လည်ထွက်ခွာလာသည့် မိုင်းဖုန်းဆရာတော်ကြီး၏ ပထမဆုံးသာသနာပြုခရီးစဉ်အဖြစ် ကြွရောက်၍တင်လှူပူဇော်ခဲ့ခြင်းဖြစ်သည်။

မိုင်းဖုန်းဆရာတော်ကြီးသည် မနေ့က ဩဂုတ်၅ ရက်နံနက်ပိုင်းက မိုင်းဆက်မြို့မှ တဆင့် မိုင်းတုံမြို့သို့ ကြွရောက်တော်မူလာခဲ့ပြီး မွန်းလွဲ ၂ နာရီခန့်က ရောက်ရှိလာခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)