ပေါက်တောမြို့သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးများ အပတ်စဉ်ဆောင်ရွက်လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါက်တောမြို့သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးများ အပတ်စဉ်ဆောင်ရွက်လျက်ရှိ






MNP ၊ သြဂုတ်  ၆

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် စုပေါင်းအမှိုက်ကောက်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းများကို ယနေ့နံနက်၇နာရီက သာသနာ့ဗိမာန်အတွင်း စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

အဆိုပါ စုပေါင်းအမှိုက်ကောက်ခြင်းနှင့် စုပေါင်းသန့်‌ရှင်းရေးများဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့်အဖွဲ့ဝင်များကကြီးကြပ်ကြပြီး မြို့နယ်ဌာနဆိုင်ရာနှင့်ဝန်ထမ်းများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့နယ်သာသနာ့ဗိမာန်အတွင်း ချုံနွယ်ပိတ်ပေါင်းများ၊ မြက်ပင်များခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များရှင်းလင်းခြင်းစသည့် သန့်ရှင်းရေးများပြုလုပ်ခဲ့ကြသည်။

ထို့သို့မြို့သန့်ရှင်းသာယာလှပရေးစုပေါင်းအမှိုက်ကောက်သန့်ရှင်းရေးဆောင်ရွက်ခြင်းလုပ်ငန်းများကိုအပတ်စဉ်(စနေ)နေ့တိုင်းဆောင်ရွက်လျက်ရှိကြောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)