MNP - သြဂုတ် ၂၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူလတန်း အဆင့် ကျောင်းသား၊ ကျောင်းသူများ အရုပ်ခေါက်ပြိုင်ပွဲကို သြဂုတ် ၂၅ ရက်နေ့ မွန်းတည့် ၁၂ နာရီက ကျင်းပခဲ့ သည်၊၊
ရှေးဦးစွာ ဆဒုံးမြို့ ဦးစီးမှူး ဒေါ်ခင်မာဝင်းက မိမိတို့စိတ်ကြိုက် အရုပ်များကို ရောင်စုံစက္ကူဖြင့် တီထွင်ပြုလုပ် ခြင်းဖြင့် ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ယှဉ်ပြိုင်လိုစိတ်ရှိစေရန်နှင့် အနာဂတ်လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ကျင်းပကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဆုများချီးမြှင့်၍ အာဟာရမုန့်နှင့် အချိုရည်များကို ကျွေးမွေးခဲ့ကြောင်းနှင့် အဆိုပါ ပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၀) ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment