နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) (၁/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်အမှာစကားပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) (၁/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်အမှာစကားပြောကြား





MNP ၊ ဩဂုတ် ၂၉

နေပြည်တော်ကောင်စီနယ်မြေအတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များတွင် ပါဝင်သော ဒေသခံပြည်သူလူထုနှင့် စေတနာ့ဝန်ထမ်းလူငယ်မောင်မယ်များနဲ့ ပရဟိတအဖွဲ့အစည်းများရဲ့ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိသော ကြက်ခြေနီ၊ ပရဟိတအဖွဲ့များအနေဖြင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးကို ပိုမိုနားလည်လာစေပြီး ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်စွမ်းရှိစေရန် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)(၁/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


သင်တန်းဖွင့်ပွဲအခမ်းအနားတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုးက တက်ရောက်အမှာစကား ပြောကြား ပြီး သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော် တိုင်းဦးစီးမှူး ဦးကျော်ကျော်ထွန်းက မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များ တွင်ပါ‌ဝင်သော ဒေသခံပြည်သူလူထုနှင့်စေတနာ့ဝန်ထမ်း လူငယ်မောင်မယ်များနှင့် ပရဟိတအဖွဲ့အစည်းများ သည် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်းတက်ရောက်ခြင်းဖြင့် အကျိုး ကျေးဇူးများ ရရှိမှာဖြစ်ကြောင်း၊ ၎င်းတို့ တာဝန်ထမ်းဆောင်ရာ ဒေသအသီးသီး၌ သဘာဝဘေးအန္တရာယ် များနှင့် ရင်ဆိုင်ကြုံတွေ့လာပါက မိမိတို့ကိုယ်တိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကိစ္စရပ်များကို ဆောင်ရွက် နိုင်မှာဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သဘောတရားများကို ပိုမိုနားလည် သဘောပေါက်စေပြီး မိမိတို့ဒေသအသီးသီးတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုလျော့ချရေးနှင့် အသိပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ဘေးဒဏ်ကြံကြံခိုင်နိုင်ပြီး လူ့အဖွဲ့အစည်းတစ်ရပ်ပေါ်ပေါက်လာစေရန် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။


အဆိုပါ သင်တန်းကိုဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးဖွင့်လှစ်ပေးခြင်းဖြစ်ပြီး သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များတွင်ပါဝင်သော ဒေသခံပြည်သူလူထုနှင့် စေတနာ့ဝန်ထမ်း လူငယ်မောင်မယ်များနှင့် ပရဟိတအဖွဲ့အစည်းများတို့မှ သင်တန်းသား/သူ (၃၀) ဦးတက်ရောက်ကြပြီး အဆိုပါသင်တန်းကို ဩဂုတ်လ (၂၉) ရက်နေ့မှ ဩဂုတ်လ(၃၁)ရက်နေ့အထိ (၃) ရက်ကြာဖွင့်လှစ်မည်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဝေါဟာရများ၊ စီမံခန့်ခွဲမှုအယူအဆနှင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု၊ ရာသီဥတုပြောင်းလဲခြင်းနှင့် ယင်း၏အကျိုးသက်ရောက်မှုများ၊ ထိခိုက်ခံရလွယ်မှု၊ ထိတွေ့နိုင်ခြေနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒများနှင့် ဖွဲ့စည်းဆောင်ရွက်မှု၊ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့် ပတ်သက်သည့်သင်ခန်းစာများ၊ ရှေးဦးသူနာပြုစုနည်းများ၊ ကာကွယ်စောင့်ရှောက်မှုများကို အဖွဲ့လိုက်ဆွေးနွေးခြင်းများဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


အခမ်းအနားပြီးနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့်တာဝန်ရှိသူများသည် သင်တန်းတွင် ခင်းကျင်းပြသထားသော ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများ၊ နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များ အား လှည့်လည် ကြည့်ရှုခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)