MNP - ဩဂုတ် ၁
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အခြေခံပညာကျောင်းများသို့ ထောက်ပံ့မည့်စက်ဘီးများအနက် ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအတွက် ထောက်ပံ့ပေးမည့် စက်ဘီးအစီး (၁၀၀) စီးအား ယမန်နေ့နံနက် (၉) နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိကြောင်း သိရသည်။
အဆိုပါ စက်ဘီး (၁၀၀) အား တံတားဦမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းသို့ ဝေးလံ၍ လာရောက်ပညာသင်ယူနေသည့် ကျောင်းသား/သူများ ပညာသင်နိုင်ရေး၊ ကျောင်းသား/သူများအား အချိန်တိုအတွင်း ကျောင်းသို့သွားလာနိုင်ပြီး ပညာသင်ကြားနိုင်ရေးတို့အတွက် တိုင်းဒေသကြီးအစိုးရမှ ကူညီထောက်ပံ့ပေးမည် ဖြစ်ကြောင်း၊ ဒါ့အပြင်တံတားဦးမြို့နယ် အခြေခံပညာကျောင်းများ ထောက်ပံ့ပေးနိုင်ရေးအတွက် မြို့နယ်အဆင့် တာဝန်ရှိသူများ ညှိနှိုင်းအစည်းပြုလုပ်ဆောင်ရွက်မည်ဖြစ်ကြောင်း တံတားဦးမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟိန်းထိုက်ထံမှ သိရသည်။
သတင်း - ရဲတင့်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment